အခန်း၂၈

2.4K 286 1
                                    

ဘိုင်ကျိုးသည် သူ့ဖုန်းကို ထုတ်လိုက်ပြီး စုန့်ရှီးယွီနှင့် ကျီဖန်ယင်းတို့၏ ဗီဒီယိုကို CCTVထဲမှ ရိုက်ကူးခဲ့သည်။ စုန့်ရှီီးယွီသည် ဤကဲ့သို့ ခိုင်မာသော သက်သေများဖြင့်သာ ဆိုလျှင် ငြင်းနိုင်လိမ့်မည်မဟုတ်ပေါ

မန်နေဂျာသည် ဘိုင်ကျိုး၏နောက်တွင် ငြိမ်သက်စွာ ရပ်နေပြီး ဘာမှမမြင်ချင်ယောင်ဆောင်နေသည်။

ခဏအကြာတွင် ဘိုင်ကျိုးသည် အနည်းငယ် မောပန်းလာသသည်။ ထို့ကြောင့် သူက ထိုင်ခုံတစ်ခုံကို ဆွဲလိုက်ပြီး ထိုင်လိုက်ကာ ဒီမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ထားပုံရတယ်။  တစ်ချိန်တည်းမှာပင် သူက မန်နေဂျာကို “ငါ့အတွက် သောက်စရာတစ်ခုခု ယူလာခဲ့”လို့ ညွှန်ကြားလိုက်တယ်။

သူတို့နှစ်ယောက်က အနည်းဆုံး တစ်နာရီလောက် အဲ့မှာ ဆက်ရှိနေလောက်ဦးမှာ။ ငါတစ်စက္ကန့်တောင် လွတ်သွားလို့ မရဘူး။

မန်နေဂျာက ဘီယာပုလင်းအနည်းငယ်ကို အမြန်ယူလာသည်။ ဘိုင်ကျိုးသည် ပုလင်းကို​ ဖောက်လိုက်ပြီး ဖန်သားပြင်ကို စူးစိုက်စိုက်ကြည့်ကာ ​သောက်လိုက်သည်။

ဗီဒီယိုကို ကြည့်ရင်း စိတ်ထဲတစ်ခုခုမှားနေသလို ခံစားလိုက်ရသည်။

ကျီဖန်ယင်းရဲ့ပုံစံနဲ့ အမူအရာတွေက ဘာလို့ မမနဲ့ အဲ့လောက်တူနေရတာလဲ။

“အများကြီးမသောက်နဲ့။ နင့်ခန္ဓာကိုယ်အတွက် မကောင်းဘူး” ဟု ကျီဖန်ယင်းက အကြံပေးလိုက်သည်။

စုန့်ရှီးယွီသည် အနည်းငယ်မူးနေခဲ့ကြောင်း ဖုန်းထဲမှာကတည်းက သူမပြောနိုင်ခဲ့ပြီး သူမသည် လာနေချိန်မှာတောင် အရက်ဆက်သောက်နေခဲ့ပုံပင်။ အခန်းတွင်းရှိ မီးရောင်မှိန်မှိန်အောက်တွင်ပင် သူ့မျက်နှာမှာ သိသာစွာ နီရဲနေသည်။

​သေချာပေါက် စုန့်ရှီးယွီသာ မူးပြီးလဲသွားရင် သူမအတွက် ပိုအဆင်ပြေစေမှာဖြစ်ပါသည်။

ဒါပေမဲ့ 'ကျီရှင်းရှင်း'ကတော့ သူ့ကို တားဖို့ ကြိုးစားနေတာပင်။

စုန့်ရှီးယွီသည် လက်ရှိတွင် Hennessyပုလင်းကို သောက်နေပါသည်။  စားပွဲပေါ်တွင် ရေခဲအပြည့်ထည့်ထားသော ပုံးတစ်ပုံရှိသော်လည်း သူသည် ထိုပုံးကို တစ်ချက်ပင် မတို့ထိခဲ့ပေ။ သူက ခွက်ထဲသို့ ဘရန်ဒီကို Iced red teaကဲ့သို့ တစ်ခေါက်ပြီး တစ်ခေါက် လောင်းထည့်နေပါတော့သည်။
{T/N: အရက်ဆိုတော့နည်းနည်းပဲထည့်ရတာကို သူကခွက်အပြည့်ထည့်နေတာလို့ပြောချင်တာထင်တာပဲ။ ဘရန်ဒီနဲ့ Ice red teaနဲ့ကအရောင်တူတော့လေ။}

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now