အခန်း၁၆၃

1.1K 144 1
                                    

ဘိုင်ကျိုးသည် အချိန်အတော်ကြာအောင်ထွက်သွားပြီး နာရီဝက်ခန့်ကြာပြီးမှသာ ပြန်လာခဲ့သည်။ ထိုအချိန်တွင် ကျီဖန်ယင်းသည် ရေခဲသေတ္တာဆီသို့ လျှောက်သွားကာ သစ်သီးအချို့ကို ထုတ်ပြီး လှပသော သစ်သီးပန်းကန်ကို ပြင်ဆင်လိုက်သည်။ သူသည် ကွန်ပြူတာနှစ်လုံးကြားတွင် သစ်သီးပန်းကန်ကို ချလိုက်သည်။

ဘိုင်ကျိုး၏ ရေခဲသေတ္တာသည် ထူးထူးခြားခြား စျေးဝယ်ထားသည့်အတိုင်း ပြည့်နေသည်။ အခြေအနေကိုနားလည်ရန် ကျီဖန်ယင်းအတွက် သိပ်မကြာလိုက်ပေ။

နောက်ထပ်နှစ်ပတ် ကြိုတင်စာရင်းသွင်းပြီးနောက် စိတ်ချရပြီလို့ တွေးခဲ့တာဖြစ်ပြီး ပစ္စည်းတွေကိုပါ ကြိုပြီးပြင်ဆင်ခဲ့တာဖြစ်သည်။

ဘိုင်ကျိုး၏မျက်နှာသည် ဆိုးရွား​နေသည်။ လက်ထဲမှာရှိနေတဲ့ ဖုန်းကို ခဏလောက်ကြည့်ပြီး ကျီဖန်ယင်းကို "မနေ့က စားသောက်ဆိုင်မှာတုန်းကကိစ္စကို တစ်ယောက်ယောက်က အင်တာနက်ပေါ်မှာ တင်လိုက်တယ်" ဟု ပြောသည်။

ကျီဖန်ယင်းက အပြစ်ကင်းစင်စွာ မျက်တောင်ခတ်လိုက်ပြီး "ဘာကိစ္စကိုပြောတာလဲ၊ မနေ့က ဘာဖြစ်ခဲ့လို့လဲ။"

သူမ၏ 'ကျီရှင်းရှင်း' ၏ တစ်ယောက်စီတိုင်းကို ဖောက်သည်များ၏အကြိုက်အတိုင်း ပြင်ဆင်ထားခဲ့သည်။ ဘိုင်ကျိုးအတွက် ဗားရှင်းသည် စုန့်ရှီးယွီဗားရှင်းတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို မသိသင့်ပေ။ သူမကဲ့သို့ ပရော်ဖက်ရှင်နယ်တစ်ဦးက မတူညီသော 'ကျီရှင်းရှင်း'များကို ရောပစ်မှာမဟုတ်ပေ။

ထို့အပြင်... အင်တာနက်ပေါ်တင်တင်၊ မတင်တင် သူမအတွက် အရေးမပါပေ။

သူမ၏ယခင်ကမ္ဘာတွင် ကောလဟာလများတွင် သူမနာမည်ပေါ်လာတိုင်း လူများစွာ စုအုံလာတတ်ကြသည်။ သူမသည် စစ်မြေပြင်မှ အကြိမ်ကြိမ် လွတ်မြောက်အောင်မြင်နိုင်သော စစ်ပြန်တစ်ဦးဖြစ်သည်။

မနေ့က သူမတို့ရဲ့အပျော့စားစကားဝိုင်းလေးသည် သူမအတွက် ကိစ္စကြီးကြီးမားမား မဟုတ်ပေ။ အနည်းဆုံးတော့ သူမကို ထိခိုက်လာမှာ မဟုတ်ဘူး။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now