အခန်း၅၅

1.9K 266 4
                                    

ရုံတင်ပြသတော့မည့် ဇာတ်ကားကို နာမည်ကြီး ဒါရိုက်တာတစ်ဦးက ရိုက်ကူးခဲ့ပြီး ဟဲရှန်သည် ​ခေါင်း​ဆောင်မင်းသားအဖြစ် ပါဝင်ခဲ့သည်။ ဖိတ်စာလက်မှတ်များကို နယ်ပယ်တစ်ခုတည်းကလူများနှင့် သူတို့၏မိသားစုဝင်များကိုသာ ကမ်းလှမ်းခဲ့တာပါ။ သတင်းထောက်များသည်လည်း သတင်းစာရှင်းလင်းပွဲသို့ ဖိတ်ကြားခြင်းခံရသော်လည်း ရုံထဲဝင်ကာ ရုပ်ရှင်မကြည့်နိုင်ကြပေ။

ကျီဖန်ယင်းက ရုပ်ရှင်ကြည့်ပြီးနောက် သုံးသပ်ချက်ရေးဖို့ အိမ်ကိုတန်းပြန်ရန် စီစဉ်ထားတာကြောင့် အရမ်းမဝတ်စားထားခဲ့ပေ။ သူမသည် ပေါ့ပေါ့ပါးပါး ၀တ်စုံနှင့် အနည်းငယ်အဝေးမှုန်တာကြောင့် မျက်မှန်တစ်ရံကို ၀တ်ဆင်ထားသည်။

ဒါပေမယ့် ခန်းမအ၀င်ဝကို ရောက်တဲ့အခါမှာတော့ ဝင်တဲ့သူတိုင်းကို အင်တာဗျူးနေတဲ့ သတင်းထောက်များနှင့် ရင်ဆိုင်ခဲ့ရပါသည်။

လက်ထဲတွင် ဖိတ်စာများပါလာသော သူများသည် ဖက်ရှင်ကျစွာ ဝတ်ဆင်ထားခြင်း မရှိသော်လည်း အနည်းဆုံး suitနှင့် ဂါဝန်များကို ၀တ်ဆင်ထားကြသည်။

ကျီဖန်ယင်း တစ်ဦးတည်းသာ ဆံပင်ကိုဖြန့်ချထားပြီး ဆွယ်တာပွပွနှင့် ဂျင်းဘောင်းဘီကို ၀တ်ဆင်ထားတာဖြစ်သည်။ ဟိုနားဒီနားသွားရန် ပေါ့ပေါ့ပါးပါး ၀တ်စားထားတဲ့ အနုပညာကျောင်းသူလေးတစ်ယောက်ရဲ့ ခံစားချက်ကို သူမဆီကရနိုင်သည်။

သူမကဲ့သို့လူအများစုသည် အဝတ်အစားလဲရန် အိမ်သို့ပြန်ကြသော်လည်း ကျီဖန်ယင်းသည်တော့ သူမ၏မျက်မှန်ကို အေးဆေးပင့်ကာ ခန်းမထဲသို့ ဆက်​လျှောက်သွားခဲ့သည်။

သူမ​ရှေ့မှ သွားသောလူနှစ်ယောက်သည် သတင်းထောက်များမှ ရပ်တန့်ကာ အင်တာဗျူးလုပ်ခံနေရပြီး ကျီဖန်ယင်းကတော့ သူတို့နောက်မှ ဖြတ်သွားခဲ့သည်။ သူမဘက်ကို မိုက်ခရိုဖုန်းကို တွန်းနေသော သတင်းထောက်များအားလုံးကို သူမ လျစ်လျူရှုခဲ့ပါသည်။

သူမအတွက် သတင်းထဲတွင်ပါလာခြင်သည် တစ်ခေါက်၊ နှစ်ခေါက်မကတာကြောင့် သူမ၏အရင်ကမ္ဘာရှိ လူများတောင် ကျင့်သားရနေ​ကြပြီဖြစ်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူTempat cerita menjadi hidup. Temukan sekarang