အခန်း၄၇

2K 284 2
                                    

ဘိုင်ကျိုးက သူမကို သေချာကြည့်ကာ မထီမဲ့မြင် လှောင်ပြောင်လိုက်သည်။ သူ၏အမူအရာသည် စကားလုံးများထက်ပက် ပိုကျယ်လောင်စွာပြောနေသည်၊ 'ကပ်ဖားလျက်ဖားကောင်'

ထို့နောက် ခေါင်းငုံ့ကာ ဂိမ်းကိုသာ အာရုံစိုက်လိုက်တော့သည်။

ကျီဖန်ယင်း ရှောင်ထွက်သွားတော့မည့်အချိန်တွင် သူမဖုန်းမြည်လာသည်၊ စုန့်ရှီးယွီဆီမှ ဖြစ်ပါသည်။

သူမသည် လမ်းလျှောက်ရင်း ဖုန်းကို ကိုင်လိုက်သည် "မစ္စတာစုန့်၊ ဟုတ်တယ်… နင်ပြောတဲ့နေရာကိုသွားနေပြီ။ ဆယ်မိနစ်အတွင်း ရောက်မယ်။"

ဘိုင်ကျိုးသည် ထိုစကားများကို ပြတ်သားစွာကြားလိုက်ကာ ကျီဖန်ယင်းကို ကြည့်ရန် ခေါင်းကို မော့လိုက်သည်။

စုန့်ရှီးယွီရှေ့မှာ သူမ ဘာလို့ ဟန်ဆောင်နေတာလဲ။ စုန့်ရှီးယွီအပေါ် တစ်ဖက်သတ်​ကြိုက်​နေတဲ့အကြောင်းကို လူတိုင်းသိကြတယ်။ အရင်က သူမကို တစ်ချက်မကြည့်ဖူးတဲ့ သူတောင် သိနေတယ်လေ။

ထိုအချိန်တွင် ဘိုင်ကျိုး၏ အပေါင်းအပါများသည် လူတန်းကြီး၏အဆုံးမှ ထွက်ပေါ်လာသည်။ လက်ထဲတွင် ခွေးခေါင်းပုံသဏ္ဍာန်ရှိတဲ့ ကိတ်မုန့်ကိုကိုင်ထားပြီး ဘိုင်ကျိုးကို ပြောသည် "ဒါက သူတို့ရဲ့ နောက်ဆုံးထွက်ကုန်လေ။ ကပ်ဖားလျက်ဖားကောင်လို့ ခေါ်တယ်တဲ့။"

ဘိုင်ကျိုးက အထင်အမြင်သေးစွာ လှောင်ပြောင်လိုက်ပြီး "ဘာနာမည်ကြီးလဲ။"

သူ့သူငယ်ချင်းကလည်း ရယ်မောကာ "ဟုတ်တယ်မလား။ ဟားဟား!"

ကျီဖန်ယင်း၏ အချိန်ခန့်မှန်းချက်မှာ မှန်ပါသည်။  သူမသည် ဆယ်မိနစ်အချိန်အတွင်း လျင်မြန်စွာရောက်ရှိလာခဲ့ပြီး အလုပ်မုဒ်ထဲသို့ ဝင်သွားပြီဖြစ်သည်။

စုန့်ရှီးယွီ ထိုင်နေသော စားပွဲကို ရှင်းထားပြီး ထိုပေါ်တွင် ပန်းကန်ခွက်ယောက် အသစ်နှစ်စုံကို တွေ့ရသည်။

ကျီဖန်ယင်းက သူ့ကို မနှုတ်ဆက်ရသေးခင် စုန့်ရှီးယွီက ခေါင်းမမော့ဘဲ "ရှင်းရှင်း၊ မင်းလည်းကိုယ့်ကို ကြိုက်တယ်မလား"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူOnde histórias criam vida. Descubra agora