အခန်း၁၅၀

1.1K 168 1
                                    

ပိတ်ရက်ရှည်များပြီးနောက် အချိန်ဆွဲလိုစိတ်ပြင်းပြလာတတ်သည်တဲ့။ ကျီဖန်ယင်းသည် လက်ရှိတွင် ထိုစကားကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံနေရသည်။

ကျီဖန်ယင်းဟာ ဒီကနေ နာကျင်စရာ သင်ခန်းစာကို သင်ယူခဲ့ရပါသည်။

သူမ သတ်မှတ်ထားခဲ့သည့်နှိုးစက်မြည်လာချိန်တွင် မထနိုင်ခဲ့တာကြောင့် ပြင်ဆင်ရန်အချိန်မမီတော့ပေ။ နောက်မကျစေရန်အတွက် သူမ၏ မနက်စာကို စတေးရန်မှတပါး ရွေးချယ်စရာမရှိချေ။ အဆုံးတွင် သူမသည် မီးဖိုချောင်ထဲမှ ပေါင်မုန့်နှစ်ချပ်သာယူပြီး စားလိုက်နိုင်ခဲ့သည်။

ဒါက ဆာလောင်မှုကို ပြေပျောက်ဖို့ရန် မလုံလောက်ပေ။

ကျီဖန်ယင်းသည် ​တွေ့ဆုံမည့်နေရာသို့ ရောက်ချိန်တွင် အနည်းငယ်ပင်ပန်းနေခဲ့ပြီ။ အချိန်ကို တစ်ချက်ကြည့်လိုက်ရာ အလုပ်ချိန်ရောက်ဖို့ နှစ်မိနစ်သာလိုတော့တာကို တွေ့လိုက်ရသည်။

အဆင်ပြေသည့်ဆိုင်မှ တစ်ခုခုဝယ်ရန် အချိန်မလောက်တော့ပုံပင်။

ကျီဖန်ယင်းသည် ထိုပေါင်မုန့်နှစ်ချပ်သည် ဘယ်လောက်ကြာကြာခံနိုင်မလဲဆိုတာ တွေးရင်း မျက်မှောင်ကြုတ်ကာ သူမ၏ဗိုက်ကို ပွတ်လိုက်သည်။

တကယ်လို့ ဗိုက်ဆညလာရင်လည်း 'ကျီရှင်းရှင်း' က ဗိုက်ဆာနေပြီဆိုပြီး စုန့်ရှီးယွီကို မနက်စာကို လိုက်ကျွေးခိုင်းတော့မယ်။

လမ်းဘေးတွင်ရပ်ထားသော ကားတစ်စီးမှ ဟွန်းတီးသံထွက်လာသည်။

ကျီဖန်ယင်းက ဟိုဟိုဒီဒီ လှည့်ကြည့်လိုက်ရာ သူမ မသိသော sedenကားတစ်စီးကို တွေ့လိုက်တယ်။ ကား၏ ခရီးသည်ထိုင်ခုံရှိ ပြတင်းပေါက်ကို နှိမ့်လာပြီး စုန့်ရှီးယွီ၏မျက်နှာကို မြင်လိုက်ရသည်။

သူ့မှာ နောက်ထပ်ကားအသစ်ရှိသေးတာလား။ ကျီရှင်းရှင်း မိသွားမှာကို စိုးရိမ်နေလို့လား။

စုန့်ရှီးယွီ ဘာတွေတွေးနေတယ်ဆိုတာ သိဖို့က ခက်လိုက်တာနော်။

သူသည် ကျီရှင်းရှင်းနှင့် ကျီဖန်ယင်းအကြား သွားလိုက်လာလိုက် လုပ်နေတာဖြစ်နိုင်သည်။ သူ့ကို နတ်ဘုရားလိုတွေးတဲ့ သူရဲ့နံပါတ်တစ် နောက်လိုက်လေးကို ဆုံးရှုံးရန် တွန့်ဆုတ်နေတာ ဒါမှမဟုတ်ရင်လည်း သုံးပွင့်ဆိုင်အချစ်တွေကို စွဲလမ်းနေတာများလား။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now