အခန်း၁၅၈

1K 137 1
                                    

ဗီဒီယိုသည် လျင်မြန်စွာနာမည်ကြီးလာချိန်တွင် ကျီဖန်ယင်းသည် နက္ခတ်ဗေဒပြတိုက်တွင် စုန့်ရှီးယွီနှင့်အတူ ကြယ်များကို ကြည့်နေခဲ့သည်။

ကျီဖန်ယင်း ကြိုမပြင်ဆင်ထားနိုင်ခဲ့သော ရုတ်ခြည်းစမ်းသပ်မှုတစ်ခုပါ။ သူမသည် သဘာဝဘေးအန္တရာယ်ရုပ်ရှင်များမှ နက္ခတ်ဗေနှင့်ပတ်သက်သည့် ဗဟုသုတမှန်သမျှကို စုစည်းပြီး နားမလည်သည့်ပုံမပေါ်စေရန် အစွမ်းကုန်ကြိုးစားခဲ့သည်။

ကံကောင်းစွာ စုန့်ရှီးယွီသည် ကြယ်များကိုသာ အထူးအာရုံစိုက်နေသည်။ သူသည် ဆောင်းရာသီ၏ ကောင်းကင်​ကြီးကို မှန်ပြောင်းဖြင့် ကြည့်ကာ အံ့သြစွာ သက်ပြင်းချလိုက်ပြီး "လှတယ်။ မင်းကြယ်တွေကို သဘောကျတာ မဆန်းတော့ပါဘူး။"

ဓူဝံကြယ်ဘက်သို့ ချိန်ညှိထားသော မှန်ပြောင်းကို ကြည့်နေသော ကျီဖန်ယင်းသည်လည်း ညကောင်းကင်​ကြီးသည် လှပသည်ဟု တွေးနေသော်လည်း လူပြိန်းတစ်ယောက်၏ အံ့သြမှုတစ်ခုသာ။

"မင်းအေးနေလား။" စုန့်ရှီးယွီသည် ကျီဖန်ယင်း၏လက်ကိုဆွဲပြီး အနွေးဓာတ်ပေးရန် လက်လှမ်းလိုက်သည်။

ကျီဖန်ယင်းသည် ခုနကလေးတင် ကြယ်များကိုကြည့်နေခဲ့သော်လည်း သူမလက်ကို အလိုလိုပြန်ဆွဲကာ စုန့်ရှီးယွီကိုကြည့်လိုက်သည်။ ထိုအချိန်ခဏလေးအတွင်းမှာပင် သူမသည် အလုပ်moodမှ outသွားခဲ့မိပြီ။

"ဘာ​ဖြစ်လို့လဲ" စုန့်ရှီးယွီက အံ့အားသင့်ကာ မေးသည်။

ကျီဖန်ယင်းက "ဘာမှမဟုတ်ပါဘူး" လို့ ပြုံးပြီး ပြန်ပြောသည်။

သူမသည် အခြားသူများနှင့် ထိတွေ့ခြင်းကို မကြိုက်သောကြောင့် busများကဲ့သို့ အများပြည်သူသယ်ယူပို့ဆောင်ရေးများကိုပင် မသုံးမပြုပေ။ စုန့်ရှီးယွီဆိုတော့ သူမ၏ရွံရှာသည့် ခံစားချက်သည် ပို၍ ဆိုးရွားလာသည်။

ငါအမှိုက်တွေနဲ့ ဓါတ်မတည့်တာ ဖြစ်နိုင်တယ်။

အလုပ်ပိတ်ရက်မဟုတ်သောကြောင့် နက္ခတ်ဗေဒပြတိုက်တွင် လူသိပ်မရှိပေ။ ကျီဖန်ယင်းသည် ဒီနာမည်ကြီးသော တယ်လီစကုပ်ကို အချိန်အတော်ကြာ လက်ဝါးကြီးအုပ်ထားနိုင်တာကြောင့် အနည်းငယ် ကြည်နူးမိ​နေခဲ့သော်လည်း အစောပိုင်းမှဖြစ်ရပ်က သူမစိတ်အခြေအနေကို ပျက်ပြားသွားစေခဲ့သည်။ ထို့ကြောင့် သူမက "ဒီမှာ နည်းနည်းအေးတယ်။ သွားကြစို့။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now