အခန်း၁၄၆

1.1K 170 4
                                    

ကျီဖန်ယင်းနှင့် ကျန်းနင်တို့ဖြင့် စတူဒီယိုသည် အဆင်ပြေနေပြီဖြစ်သော်လည်း ဟဲရှန်သည် ပူးတွဲတည်ထောင်သူဖြစ်ပြီး တစ်ကြိမ်မျှပင် ထွက်ပေါ်လာခြင်းမရှိခဲ့ပေ။ သူက အရာအားလုံးကို ကျန်းနင်ဆီသာ အပ်နှံထားသည်။

အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချသည့်အချိန်တိုင်း ကျန်းနင်က သူ့ထင်မြင်ချက်ကိုမေးစရာမလိုဘဲ သူမတို့နှစ်ယောက်တည်းသာ ဆုံးဖြတ်နိုင်တယ်လို့ ပြောတတ်သည်။ သူသည် စိတ်ခံစားချက်မရှိသော ရင်းနှီးမြုပ်နှံသည့်စက်တစ်ခု ဖြစ်နေသကဲ့သို့ပင်။

"... မင်းကိုယ်တိုင်ပဲ​ပြောခဲ့တာမဟုတ်ဘူးလား။ ဇာတ်ရုပ်ထဲ အရမ်းဝင်သွားတယ်ဆို။ ကျွန်တော် ခုထိပြန်ကောင်းအောင် လုပ်နေတုန်း။"

ဟဲရှန်၏ အသံသည် အလွန်တိုးပြီး သူ့ဘေးတွင် ရပ်နေသော ကျီဖန်ယင်းတစ်ယောက်တည်းသာ ကြားနိုင်သည်။

ကျီဖန်ယင်းသည် အခြားကမ္ဘာတစ်ခုတွင် အလားတူဘဝမျိုးနေထိုင်လာသောကြောင့် သူ့ကို နားလည်နိုင်သည်။ လမ်းသွားလမ်းလာတစ်ယောက်က သူ့ကို မှတ်မိသွားပါက ပြဿနာများ ဆက်တိုက်ဖြစ်ပေါ်လာနိုင်သည်။

"ရှင်က ပရော်ဖက်ရှင်နယ် သရုပ်ဆောင်တစ်ယောက်ပဲ။ ဇာတ်ရုပ်ထဲ ဘယ်လောက်ပဲနစ်မြုပ်နစ်မြုပ် ပြန်ကောင်းလာဖို့ လနဲ့ချီ​ပြီး မကြာသင့်ပါဘူး။" လို့ ကျီဖန်ယင်းက စနောက်ပြောဆိုခဲ့ပါတယ်။ "ရှင်က Weiboမှာတော့ အမြဲရှိတယ်နော်"

သူတို့နှစ်ဦးသည် လက်တွေ့ဘဝတွင် မတွေ့ဆုံဖူးသော်လည်း Weiboတွင် စကားအနည်းငယ်ပြောခဲ့သည်။ သူတို့သည် ယခုခေတ် အွန်လိုင်းသူငယ်ချင်းများအတွက် ပြီးပြည့်စုံသော ဥပမာတစ်ခုဖြစ်သည်။

သူတို့နှစ်ယောက်ဟာ ရုပ်ရှင်နဲ့ပတ်သက်တဲ့ တူညီတဲ့အမြင်တွေ အများကြီးရှိကြသည်မှာ သူတို့သည် အနုပညာစွမ်းရည်မြင့်မားသော သရုပ်ဆောင်များဖြစ်နိုင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်စကားပြောတာ ဒါပထမဆုံးအကြိမ်ဆိုပေမယ့် ကျီဖန်ယင်းက သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ စကားပြောနေသကဲ့သို့ သက်တောင့်သက်သာရှိ​နေခဲ့သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now