အခန်း၉

2.8K 324 2
                                    

ကျီဖန်ယင်းသည် နှစ်စက္ကန့်လောက်အဖြေရှာလိုက်ပြီးနောက် ရှက်ရွံ့ပြီး ကူကယ်ရာမဲ့နေသောအသွင်အပြင်ဖြင့်  "ငါတို့ အရင်​ပြီး​အောင် စား​ကြရအောင်၊ ဒီအကြောင်းကို နောက်မှပြောကြမယ်လေ။"

စုန့်ရှီးယွီက သူ့မျက်လုံးကို အောက်ဘက်ကိုလွှဲလိုက်ပြီး "ကောင်းပြီ" ဟု ညည်းညူလိုက်သည်။

ကျီဖန်ယင်းသည် ယွမ်တစ်ထောင်တန် အနောက်တိုင်း အစားအစာကို အရမ်းကိုစိတ်တိုင်းကျခဲ့ပြီး တစ်ပြားတစ်ချပ်မှ ပေးစရာမလိုသည့် အသိက ပို၍ပင် ကြည်နူးစရာကောင်း​နေသည်။

စုန့်ရှီးယွီသည် စားပွဲထိုးထံမှ ပြေစာကို လက်ခံရရှိသောအချိန် အစားအသောက်အတွက် မဆိုင်းမတွပင် ပေးချေလိုကိသည်။

ကျီဖန်ယင်းသည် တစ်လျှောက်လုံး သူ့ကို စိုက်ကြည့်နေခဲ့သည်။ စုန့်ရှီးယွီ သူမကို မေးခွန်းထုတ်ချင်နေသည့် အကြည့်ဖြင့် ကြည့်လိုက်သည့်အခါမှသာ သူမသည် ဘလင်းဘလင်းထနေသော အပြုံး​ဖြင့် "ယောက်ျားလေးတွေက ငွေရှင်း​နေတဲ့အချိန် အချောဆုံးပဲ။"

စုန့်ရှီးယွီ၏နှုတ်ခမ်းများသည် သိသာစွာ အနည်းငယ်ကွေးသွားသည်။  "ငါတို့လမ်းလျှောက်ကြမလား၊  အပြင်မှ အရမ်းလှတဲ့ရေကန်တစ်ခုရှိတယ်။"

ကျီဖန်ယင်းသည် စုန့်ရှီးယွီရှေ့မှာ လက်သုံးချောင်းကို မြှောက်လိုက်ပြီး သူ၏စိတ်ရှုပ်နေသော မျက်နှာရှေ့တွင် သူမသည် တစ်​ချောင်းပြီးတစ်ချောင်း ချလိုက်သည်။

သုံး၊ နှစ်၊ တစ်။

ထမင်းစားချိန်တလျှောက်လုံး တုပ်တုပ်မလှုပ်ခဲ့သော ဖုန်းသည် ရုတ်တရက် ကျယ်လောင်စွာ မြည်လာသည်။

ကျီဖန်ယင်း၏ မျက်နှာပေါ်ရှိ နူးညံ့သောအပြုံးသည် ချက်ချင်းပျောက်ကွယ်သွားသည်။  သူမသည် စားပွဲပေါ်ရှိ တုန်ခါနေသောဖုန်းကို ကိုင်လိုက်ပြီး စုန့်ရှီးယွီအား မှတ်ထားသည့်အချိန်ကိုပြကာ "အချိန်ကုန်ပြီ" ဟုပြောလိုက်သည်။

စုန့်ရှီးယွီသည် သူ့ခေါင်းကို တုတ်ဖြင့်ရိုက်ချခံရသလိုခံစားလိုက်ရသည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူΌπου ζουν οι ιστορίες. Ανακάλυψε τώρα