အခန်း၁၉၁

641 126 1
                                    

ဘိုင်ကျိုး၏ ကိုယ်ပိုင်ဂျက်လေယာဉ်တွင် အိမ်တွင်းရုပ်ရှင်ရုံများနှင့် ဂိမ်းစက်များကို တပ်ဆင်ထားသော်လည်း လီရှောက်ရှင်း၏ ကိုယ်ပိုင်ဂျက်လေယာဉ်သည် လက်တွေ့အားဖြင့် ရုံးခန်းတစ်ခုသာဖြစ်သည်။ ဖျော်ဖြေရေးနဲ့ပတ်သက်တာ တစ်ခုမှကို မရှိပေ။

ဂျက်လေယာဉ်ပေါ်​ရောက်ချိန်တွင် အရည်အချင်းရှိသော အတွင်းရေးမှူးဖန်းသည် အချိန်ပိုကြေးများကို ကျီဖန်ယင်း၏အကောင့်သို့ လွှဲပြောင်းပေးပြီးဖြစ်သည်။

သူ ကျီဖန်ယင်းကိုကြည့်လိုက်ချိန်တိုင်း အလုပ်အလွန်အကျွံလုပ်ရသည့် လူငယ်၏မျက်လုံးများထဲမှ မနာလိုမှုအရိပ်အမြွက်ကို ခံစားမိနိုင်နေသည်။

လစာကွာဟမှုက ခံနိုင်ရည်ရှိဖို့ပိုခက်တာပေါ့။

ကျီဖန်ယင်းက သက်တောင့်သက်သာရှိတဲ့ ဆိုဖာထိုင်ခုံပေါ်မှာ ပေါ့ပေါ့ပါးပါးထိုင်လိုက်ပြီး "ကျီရှင်းရှင်းကို ဂျပန်ကို ဘယ်လိုဖိတ်ဖို့ စီစဉ်ထားလဲ" လို့ မေးလိုက်သည်။

"သူအခုတလော စိတ်ဓာတ်ကျနေတော့ စိတ်တက်ကြွလာအောင် ဂျပန်သွားလည်ဖို့ဆို​ပြီးပြောမလို့။" ဟု လီ​ရှောက်ရှင်းက ဖြေကြားခဲ့သည်။ သူသည် အစီအစဉ်တွေကို ရှင်းရှင်းလင်းလင်း တွေးပြီးသွားခဲ့ပြီ။

လီရှောက်ရှင်းသည် လီရှောက်ရှင်း၏အမူအရာကို သေချာကြည့်ပြီး "ရှင်ဘာလုပ်ချင်တာလဲဆိုတာကို သူတန်းသိသွားလောက်မှာ။"

အမှန်မှာ လီရှောက်ရှင်း ကျီရှင်းရှင်းကို ဘယ်လိုပဲဖွင့်ပြောပါစေ အတူတူပါပဲ။ တကယ့်ပြဿနာက ကျီရှင်းရှင်းက သူဖွင့်ပြောတာကို လက်ခံမှာလားပင်။

"ရှင်သူ့ကို တိုက်ရိုက်ကြီးဖွင့်ပြောလိုက်ရင် သူတုံ့ဆိုင်းနေလိမ့်မယ်" ဟု ကျီဖန်ယင်းက ဆက်ပြောသည်။

လီ​ရှောက်ရှင်းသည် မျက်မှောင်ကြုတ်နေပြီး သူမ၏စကားကို ပြန်လည်ချေပမည့် အရိပ်အယောင်ကို သတိပြုမိလိုက်သောကြောင့် သူမသည် လက်ကို မြှောက်ကာ သူ့ကိုရပ်အောင်လုပ်လိုက်သည်။ ထို့နောက်မှ အချိန်ယူကာ သူမ၏စကားကို ဆက်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူOnde histórias criam vida. Descubra agora