အခန်း၁၀၇

1.6K 205 5
                                    

ထိုသို့သော အတွေးဖြင့် ဘိုင်ကျိုးသည် သူ့အခန်းထဲမှ ထွက်လာပြီးနောက် လေထဲတွင် ချိုမြိန်သော အနံ့ဖျော့ဖျော့ကို ရလိုက်သည်။

... ကိတ်မုန့်?

သူသည် လှေကားမှဆင်းကာ မီးဖိုချောင်ထဲသို့ ဝင်သွားသည်။

ကျီဖန်ယင်းသည် မီးဖိုချောင်တွင် ကိတ်မုန့်အတွက် ပြင်ဆင်ရင်း အလုပ်ရှုပ်နေ၏။ သူမ၏ လှုပ်ရှားမှုများသည် သူမ၏အချက်အပြုတ်ကျွမ်းကျင်မှုကို အပြည့်အဝပြသ​နေသည်။

ကျီရှင်းရှင်းသာဆိုလျှင် ဘိုင်ကျိုးသည် ကောင်တာဘေးတွင် ထိုင်ပြီး သူမကို တစ်နေကုန် ထိုင်ကြည့်နေနိုင်သည်။

စောစောက အဖြစ်အပျက်သည် သူ့ကို အန္တရာယ်ရှိတဲ့ ချောက်ကြီးဆီမှ ခြေတစ်လှမ်းဆုတ်အောင်လုပ်ပေးလိုက်ပြီး သူနှင့် ဂရိသို့ ပါလာခဲ့သောလူမှာ ကျီဖန်ယင်းဟု အသိပြန်ဝင်လာခဲ့ပါသည်။

ကျီဖန်ယင်းက ဘာလို့ ကျီဖန်ယင်းနဲ့ အရမ်းတူ​နေရတာလဲ။ ​ပြီး​တော့ သူက ဘာကိစ္စနဲ့ ဒီလောက်တောင် သရုပ်ဆောင်ကောင်းနေရတာလဲ။ ဒီလိုလုပ်​နေမယ့်အစား အော်စကာဆုအတွက် ဝင်ပြိုင်လိုက်ပါတော့လား။

"ဘာဖြစ်လို့လဲ။" ကျီဖန်ယင်းက သူ့ခြေသံကိုကြားပြီး ​နောက်လှည့်ကြည့်လိုက်သည်။

ဘိုင်ကျိုးက သူမကို အေးစက်နေသောမျက်နှာဖြင့် ကြည့်ကာ ရယ်မောလိုက်ပြီး "ကျီဖန်ယင်း၊ မင်းအတွက်လည်း ငါလက်ဆောင်ပြင်ပေးထားမယ်လို့ ထင်မနေနဲ့။ ငါအတုအယောင်အတွက် နှိမ့်ချပြီး လက်ဆောင်ပြင်ပေးမှာမဟုတ်ဘူး။"

"လက်ဆောင်မပါလဲဘာမှမဖြစ်ပါဘူး။" ကျီဖန်ယင်းက ရွှင်လန်းစွာ ပြန်ပြောသည်။ "မင်းနဲ့အတူ ဂရိနိုင်ငံကို လာတာ လက်ဆောင်လေးတစ်ခုတောင်းဖို့မဟုတ်ဘူးလေ။ ဟုတ်ပါပြီ~ မမ အခု ကိတ်မုန့်လုပ်နေတာ။ ဘာအရသာစားချင်လဲ။ Cocoမှုန့်နည်းနည်းလောက် ထည့်လိုက်ရမလား"

သူမ ဘိုင်ကျိုး၏လက်ဆောင်ကို စိတ်​တောင်မ၀င်စားဘူးဆိုတာကို ထုတ်မပြောခဲ့ပေ။ သူမအတွက် တကယ် လက်ဆောင်တစ်ခု ပြင်ထားခဲ့မှသာ သူ့ဦးနှောက်ပျက်သွားတာလားဟု တွေးမိမှာဖြစ်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now