စုန့်ရှီးယွီဟာ သူ့မိဘတွေ၏ သူငယ်ချင်းရဲ့သား၏ မင်္ဂလာပွဲကို တက်ရောက်ခဲ့ပါသည်။
အသက်မွေးဝမ်းကြောင်းဖြစ်စေ၊ ရုပ်ရည်ဖြစ်စေ စုန့်ရှီးယွီသည် 'အခြားသူများ၏လိုချင်သောကလေး' နေရာတွင်ရှိတတ်သော်လည်း ဒီပွဲတွင်တော့ ရှုထောင့်တစ်ခုကြောင့် အခြားသူများထက် နိမ့်ကျသလိုခံစားနေရသည်။
သူသည် အိမ်ထောင်မရှိသလို ရည်းစားလည်းမရှိသေးပါဘူး။
မင်္ဂလာပွဲများသည် အချင်းချင်းချိတ်ဆက်နိုင်သည့် ပွဲအမျိုးအစားတစ်ခုထဲတွင် အပါအဝင်ဖြစ်သည်။ အနည်းငယ်သောက်ပြီးနောက် ဧည့်သည်များသည် တစ်ယောက်နှင့်တစ်ယောက် စကားစမြည်ပြောရန် အခန်းတွင်း လှည့်ပတ်သွားလာကြသည်။ စုန့်ရှီးယွီက လူကြီးအချို့ကို သွားနှုတ်ဆက်ကာ စကားများပြောခဲ့သည်။ ထို့ကြောင့် သိပ်မကြာခင်မှာပဲ ရီဝေဝေဖြစ်လာတော့သည်။
သူသည် အရက်အလွန်အကျွံသောက်တတ်သူမဟုတ်ပေ။ သူ့အဖေက အရက်မသောက်သလို သူ့အမေကလည်း ဝိုင်နီကိုသာ သောက်တတ်သည်။ ထိုသို့သောမျိုးရိုးဗီဇများကြောင့် သူသည် အရက်ကိုခံနိုင်ရည်ရှိအောင် ဘယ်လောက်ပဲ လေ့ကျင့်ပါစေ၊ ပျမ်းမျှအဆင့်သာ ရှိခဲ့သည်။
ပိုဆိုးတာက ဒီမင်္ဂလာပွဲမှာ ဧည့်ခံတဲ့ အရက်က အယ်ကိုဟောနှုန်းမြင့်သော Five Lakeဝိုင်ဖြူပဲဖြစ်သည်။
ခွက်အနည်းငယ်သာ သောက်ရသေးသော်လည်း သူ့မျက်နှာနီရဲလာပြီး ခေါင်းသည်ချာချာလည်နေပြီဖြစ်သည်။
မစ္စစ်စုန့်က စိတ်လှုပ်ရှားစွာဖြင့် "သား မျက်နှာ ဘာလို့နီနေတာလဲ။ ခုနက ကောင်မလေးကို စိတ်ဝင်စားလို့လား"
စုန့်ရှီးယွီသည် အရက်မူးနေတာကြောင့် သူမကို ကောင်းစွာမကြားနိုင်ချင်ယောင်ဆောင်ကာ လက်ကိုဝှေ့ယမ်းလိုက်သည်။
ဤအခွင့်အရေးကို အသုံးပြုကာ မစ္စစ်စုန့်သည် စုန့်ရှီးယွီနှင့် သက်တူရွယ်တူအချို့ကို ခေါ်လိုက်သည်။ သူမသည် သူတို့ကို လူငယ်များစုဝေးနေရာ စားပွဲကို ဆွဲခေါ်သွားရန် ပြောခဲ့သည်။
![](https://img.wattpad.com/cover/318943073-288-k473414.jpg)
VOCÊ ESTÁ LENDO
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
Ficção GeralTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)