အခန်း၄၃

2K 274 6
                                    

အိမ်ပြန်ရောက်သည်နှင့် ကျီဖန်ယင်းသည် ထိုအဆင့်မြင့်ပြင်သစ်ဟင်းလျာများအတွက် ပါဝင်ပစ္စည်းများကို တစ်နာရီခန့်ချက်ပြုတ်ပြီးနောက် ပန်းကန်များကို စားပွဲပေါ်တွင် လှပစွာ တည်ခင်းခဲ့သည်။ ထို့နောက် သူမသည် အမွှေးဖယောင်းတိုင်တစ်တိုင် ထွန်းညှိကာ 1996 Lafiteဝိုင်ကို ဖွင့်လိုက်သည်။

ဟုတ်ပါတယ်၊ ဒါတွေအားလုံးကို ဘိုင်ကျိုးက ရက်ရက်ရောရော ​ထောက်ပံ့ပေးခဲ့တာဖြစ်သည်။

သူမ အကုန်​,ကုန်အောင် စားပြီးသည်နှင့် ကျီဖန်ယင်းသည် သူ့မဖုန်းကို ဖွင့်​ကြည့်လိုက်ပေမယ့် ​ဖောက်သည်တွေဆီက ဘာမက်ဆေ့ချ်မှ မတွေ့ပေ။

ဘိုင်ကျိုးက အခုချိန်ထိ ဂိမ်းဆော့နေလောက်တယ်။  စုန့်ရီးယွီကတော့...

ကျီဖန်ယင်းက သူ့ကို မက်​ဆေ့ချ်တစ်စောင်ပို့လိုက်ကာ မကြာခင်မှာပဲ သူက လိပ်စာတစ်ခု ပြန်ပို့လာခဲ့ပါသည်။ သူသည် သူမကို မနက်​ဖြန်​​နေ့လည်​စာစားရန် ချိန်းခဲ့တာပင်။

ကျီဖန်ယင်းသည် 'အိုကေ'ဟု အီမိုဂျီဖြင့် ပြန်ဖြေခဲ့ပြီး မကြာမီမှာပဲ သူမထဲသို့ ငွေ​ရောက်လာကြောင်း ပြောသည့် မက်ဆေ့ခ်ျကို ရရှိခဲ့သည်။

ထို့နောက် သူမသည် ပန်းကန်များကို ပန်းကန်ဆေးစက်ထဲသို့ ထည့်ကာ ပျင်းရိစွာ ကျောဆန့်လိုက်သည်။

'ဒါဆို မနက်ဖြန်ကျ အလုပ်တစ်ခုရှိတယ်။ ဒီနေ့ အလုပ်က စောပြီးတယ်ဆိုတော့ ရုပ်ရှင်ကြည့်ရမလား၊ ဂိမ်းဆော့ရင်ကောင်းမလား ဒါမှမဟုတ် စောစောပဲ အိပ်လိုက်သင့်လား။'

ကျီဖန်ယင်းသည် WeChat Momentsကိုကြည့်ရင်း ညဘက်အတွက် အစီအစဉ်များကို စဉ်းစားနေပါသည်။

'ကျီဖန်ယင်း'ဟာ ဆိုရှယ်မီဒီယာမှာ တစ်ခါမှ ပိုစ့်မတင်ဖူးတဲ့အတွက် သူမရဲ့Momentများဟာ လုံးဝကို လွတ်နေခဲ့ပါတယ်။ သို့သော် သူမတွင် အတော်လေးတက်ကြွသော WeChatသူငယ်ချင်းအနည်းငယ်ရှိသည်။

အဲဒီထဲက တယောက်ကတော့ ကျီရှင်းရှင်းပါပဲ။ သူမ၏ feedကိုကြည့်ရှုလိုက်ရင် ငွေဇွန်းကိုက်မွေးဖွားလာသော သူဌေးသမီးဖြစ်ကြောင်းမှာ သိသာလှပါသည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now