အခန်း၁၁၄

1.5K 214 0
                                    

ထို့​နောက် ကျီဖန်ယင်းက သူမ၏ခရီးဆောင်အိတ်ကိုကိုင်ကာ ထွက်သွား​တော့သည်။ ဘိုင်ကျိုးအတွက် အထူးသီးသန့်ထားထားသည့် ကားဖြင့်သွားမည့်အစား တက္ကစီတစ်စီးသာ စီးသွားခဲ့သည်။

ဘိုင်ကျိုးသည် သူမ၏ ထွက်ခွာသွားသော ပုံရိပ်ကို ညအမှောင်ထဲသို့ ဝင်​ရောက်ပျောက်ကွယ်သွားသည့်အထိ ပြတင်းပေါက်မှ လှမ်းကြည့်​နေသည်။

လေဆိပ်ကို လာကြိုပေးမယ်... ငါ့ကို လာကြိုမဲ့လူတစ်​ယောက်တောင် မရှိပေမဲ့ ကျီဖန်ယင်းရဲ့ 'မောင်လေး'ဆိုတဲ့ တစ်ယောက်က ညကြီးသန်းခေါင် သူ့ကို လေဆိပ်ထိ လာကြိုပေးချင်တယ်ပေါ့။

...

ကျီဖန်ယင်းက အိမ်ပြန်ဖို့ တက္ကစီတစ်စီးကို လှမ်းခေါ်ခဲ့သည်။

သေချာပေါက် ဘာမှကြိုပြောမထားဘဲ ချန်ယွမ်ရှန်းကို လာမကြိုခိုင်းချင်ပေ။ ပြီးတော့ သူမသည် တတ်နိုင်သမျှ အမြန်ဆုံး အိမ်ပြန်ချင်တာကြောင့် တက္ကစီကိုသာ စီးလိုက်​တော့သည်။

သူမသည် မနက်ဖြန်တွင် စန်းရှန်းရန်ကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ယနေ့ည ကောင်းကောင်းအနားယူရန်လိုအပ်သည်။

...

နောက်တစ်နေ့။

သူမသည် တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့သော်လည်း နောက်တစ်နေ့တွင် စန်းရှန်းရန်နှင့် မဆုံနိုင်ခဲ့ပေ။ တစ်စုံတစ်ယောက်က သူမတိုက်ခန်းကနေ ထွက်ခါနီးတွင် လမ်းကို ပိတ်ဆို့ထားခဲ့တာကြောင့် ဖြစ်သည်။

တရားခံသည်​တော့ လီ​ရှောက်ရှင်း၏ အတွင်းရေးမှူးဖြစ်သည်။

"မစ္စကျီ၊ မစ္စတာလီ ခင်ဗျားနဲ့တွေ့ချင်နေပါတယ်။"

လီ​ရှောက်ရှင်း၏အတွင်းရေးမှုးနှင့်အတူ သက်တော်စောင့်ဖြစ်ပုံရသော ခန္ဓာကိုယ်တောင့်တင်းသောသူတစ်ယောက်ပါအတူပါလာခဲ့သည်။

ကျီဖန်ယင်းသည် သူမ၏ လက်ရှိအခြေအနေကို သုံးသပ်လိုက်သည်။

လီရှောက်ရှင်းသည် ဂရိနိုင်ငံတွင် တွေ့ခဲ့သောလူသည် ကျီရှင်းရှင်း မဟုတ်ကြောင်းကို သတိပြုမိသွားပြီး စာရင်းရှင်းရန် ဒီနေရာသို့ ရောက်လာခြင်းဖြစ်နိုင်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now