အခန်း၁၉၄

Magsimula sa umpisa
                                    

စုန့်ရှီးယွီက နှစ်ဖက်စလုံးက အတူတူလောက် ဆိုးရွားသည်ဟု ထင်သော်လည်း အိမ်ထောင်ပြုခိုင်းသည့် ဖိအားကိုမခံစားရမည့် နေရာသို့ သွားရန် ဆုံးဖြတ်ခဲ့ပါတယ်။ သူသည် သက်တူရွယ်တူများကြားတွင် အနည်းငယ်လွှမ်းမိုးနိုင်တာကြောင့် သူတို့ဆီမှ ဖိအားများစွာကို ကြုံတွေ့ရမည်မဟုတ်ပေ။

ဒါကြောင့် သူ့ဝမ်းကွဲတွေက လူကြီးတွေရဲ့ အနားမှ သူ့ကိုဆွဲခေါ်သွားကြသည်။ စားပွဲအနည်းငယ်လောက်ကွာဝေးလာချိန် သူတို့ထဲမှ တစ်ယောက်က တိုးတိုးလေး "စုန့်ရှီးယွီက တကယ်​​ကြီးမူးနေတာလား။ ငါသူ့ကို စချင်သေးတယ်..."

စုန့်ရှီးယွီသည် ထိုလူ၏ပခုံးပေါ်မှ လက်ကို ပြန်ရုတ်လိုက်ပြီး ကျက်သရေရှိသော အပြုံးတစ်ခုကို ထုတ်ပြလိုက်သည်။

ဝမ်းကွဲများသည် တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးနောက် ရယ်ကြတော့သည်။ အရက်၏လွှမ်းမိုးမှုအောက်တွင်ရှိနေသော သူတို့သည် သက်တူရွယ်တူများစုဝေးနေသော စားပွဲသို့ စုန့်ရှီးယွီကို ရဲဝံ့စွာတွန်းပို့လိုက်ကြသည်။

ဒီလူအုပ်သည် စိတ်ထဲတွင် ပျင်းရိ​နေသော်လည်း မိဘများ၏ ခွင့်ပြုချက်မရှိတာကြောင့် မင်္ဂလာပွဲမှ မထွက်ခွာနိုင်ဖြစ်နေသော သူများအုပ်စုဖြစ်သည်။ ထို့ကြောင့် သူတို့သည် 'Truth and Dare' ဂိမ်းဖြင့် ပျော်ရန် ဆုံးဖြတ်ခဲ့ကြသည်။

အနည်းငယ်မူးနေသော စုန့်ရှီးယွီသည် ထိုင်ခုံတစ်ခုထဲသို့ တွန်းပို့ခံလိုက်ရသည်။

တစ်ယောက်က "ငါ စုန့်ရှီးယွီကို ခေါ်လာခဲ့ပြီ။ ပွဲသစ်စကြရအောင်!"

စုန့်ရှီးယွီ : "..."

သူ့ဘေးနားမှ လူတစ်ယောက်က စည်းကမ်းချက်တွေကို အမြန်ရှင်းပြသည် "ပြာခွက်ထဲမှာ အန်စာတုံးအခု​လေးဆယ်ရှိတယ်။ အန်စာတုံးတစ်ခုကို အရင်ရွေးပြီး ပြာခွက်ကိုခေါက်လိုက်။ ဖွင့်လိုက်လို့ အံစာဆုံးတွေထဲ မင်းရွေးလိုက်တဲ့နံပါတ် ပါလာရင် ပါလာတဲ့အန်စာတွေအကုန်လုံးထုတ်ပြီး ပါမလာခဲ့ရင် 'Truth or Dare' ရွေးရမှာ။"

စည်းမျဥ်းများကို မြန်မြန်ဆန်ဆန် ပြောပြပြီးနောက်၊ ထိုကောင်လေးသည် ညစ်ကာ စုန့်ရှီးယွီဘေးရှိလူကို ပြာခွက်ကိုပေးလိုက်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူTahanan ng mga kuwento. Tumuklas ngayon