အခန်း၁၉၀

Start from the beginning
                                    

သူက ရုတ်တရက်ကြီးအတွေးဝင်လာလို့ တိုကျိုတာဝါမှာ ကျီရှင်းရှင်းကို ဖွင့်ပြောဖို့လုပ်လိုက်တာလား။

ကျီဖန်ယင်းသည် ခရီးဆောင်အိတ်များကိုယူရန် ဧည့်ခန်းထဲသို့ရောက်သွားသည့်အချိန် ထင်ရှားပေါ်လွင်သော ပုံရိပ်နှစ်ခုရပ်နေသည်ကို တွေ့လိုက်ရသည်။

လီ​ရှောက်ရှင်း၏ အသွင်အပြင်သည် ဘီးတပ်ကုလားထိုင်တွင် ထိုင်နေတာလည်းပါသည်၊ အလွန်ကို မျက်စိဖမ်းစားနိုင်နေသည်။ ​ဖြတ်သွား​ဖြတ်လာအချို့က သူ့အား လျှို့ဝှက်စွာပင် ဓာတ်ပုံရိုက်နေကြသည်။ အတွင်းရေးမှူးက သူ့ဘေးမှာ ရပ်နေသည်။

ကျီ​ဖန်ယင်းသည် အလုပ်စောစော စရသည်ကို သဘောမကျသော်လည်း လီရှောက်ရှင်းသည် ဒီရောက်နေသည်။ ရွေးချယ်စရာမရှိတာကြောင့် သူမ လျှောက်သွားကာ "အလုပ်ကိုအစောကြီးစကြမလို့လား။"

"ဒီတိုင်း နည်းနည်းအားနေလို့ မင်းကိုလာကြိုလိုက်တာ။" လီ​ရှောက်ရှင်းက သူမကိုကြည့်ရန် ခေါင်းကို မော့လိုက်သည်။

ကျီဖန်ယင်းက သူမရဲ့ ခရီးဆောင်အိတ်ကို ​ဝေ့​ကြည့်ကာ ရှာလိုက်ရင်း "ရိုးရိုးလေယာဉ်စီးမလို့လား။" လို့ မေးလိုက်ပါတယ်။

"မဟုတ်ဘူး" လီရှောက်ရှင်းက "ငါအများပိုင် လေယာဉ်တွေကို သိပ်မကြိုက်ဘူး။" လို့ ပြန်ဖြေတယ်။

ကျီဖန်ယင်းသည် သူ့ကို လှည့်ကြည့်လိုက်သည်။

လီ​ရှောက်ရှင်း​သည် ချမ်းသာသော မိသားစုတွင် မွေးဖွားခဲ့သည်။ သူသည် ပတ်ဝန်းကျင်ရှိလူများလိုက်မီရန်ပင် ခက်ခဲသော ထက်မြက်ကာ အရည်အချင်းရှိသည့် ကလေးဖြစ်ခဲ့သည်။ လူတွေက သူ့ကို လီမိသားစု၏ အနာဂတ်ခေါင်းဆောင်ဖြစ်လာမည်ဟု ​​တွေးခဲ့ကြသည်။

ဒါသည် သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်လုနီးပါးဖြစ်အေယင် လုပ်ခဲ့သည့် အက်စီးဒန့်မတိုင်ခင်က ကိစ္စဖြစ်သည်။

တစ်ခါတရံမှာ လူတစ်ယောက်ရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုများ ဆုံးရှုံးဖို့ဆိုတာ လွယ်ပါသည်။

ဒုက္ခိတဖြစ်သွားခြင်းကို သူလက်မခံနိုင်ပေ။ သူသည် အခြားသူများ၏ သနား​သောအကြည့်ကို မခံနိုင်ပေ။ ထို့ကြောင့် သူသည် ကိုယ်ပိုင်ကားများ၊ ကိုယ်ပိုင်ဂျက်လေယာဉ်များဖြင့်သာ အမြဲတမ်း ခရီးသွားခဲ့သည်။ ဒါကို ခန့်မှန်းဖို့ဆိုတာ သိပ်မခက်ပါပေ။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now