အခန်း၁၈၁

ابدأ من البداية
                                    

သူမက မစ္စစ်ဘိုင်ကို ပြုံးပြပြီး "ကျွန်မရဲ့ညီမလေးက မစ္စစ်ကို အတော်လေး ဒုက္ခပေးခဲ့မိဆိုတော့ တောင်းပန်တဲ့အနေနဲ့ လက်ဆောင် တစ်ခုခုပေးချင်ပါတယ်။ ကျွန်မ ဘယ်ကို လက်ဆောင်ပို့ပေးရမလဲမသိဘူး။"

ထိုသို့သော စကားလုံးများကို ဒီအခြေအနေအောက်တွင် မပြောသင့်ပါ။ ဒါက သူမတို့ အခုလေးတင် တည်ဆောက်ခဲ့သောဆက်ဆံရေးကို အလွယ်တကူ ဖျက်ဆီးပစ်လိုက်နိုင်သည်။

ကျီဖန်ယင်းသည် သူမနှင့် ကျီရှင်းရှင်းကြားက ဆက်ဆံရေးကြောင့် မစ္စစ်ဘိုင်သည် သူမအပေါ် အထင်အမြင်ကောင်းမရှိသည်ကို သိထားသောကြောင့် ထိုကဲ့သို့​အသေးအဖွဲကိစ္စလေးများကို ဂရုစိုက်မနေတော့ပေ။ တစ်ခါတည်း တည့်တိုးသာ ပြောလိုက်တာက ပိုအဆင်ပြေသည်။

မစ္စစ်ဘိုင်သည် သူမအား ခဏကြာအောင် စိုက်ကြည့်နေပြီးမှ ကုမ္ပဏီနာမည်တစ်ခုကို ပြောလိုက်သည်။

"ဟုတ်ကဲ့၊ ကျွန်မ မနက်​ဖြန်​ ပို့​ပေးလိုက်ပါ့မယ်​။" ကျီဖန်ယင်းသည် ကုမ္ပဏီ၏အမည်ကို သူမ၏ခေါင်းထဲတွင် မှတ်သားထားလိုက်သည်။

သူမ မထွက်ခွာမီ မစ္စစ်ဘိုင်၏နောက် မဝေးလှသော​နေရာတွင် ရပ်နေသော ဘိုင်ကျိုးကို တစ်ချက်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်သည် စက္ကန့်ပိုင်းလောက်သာ မျက်လုံးချင်းဆုံခဲ့သော်လည်း သူမသည်ခေါင်းကို အေးသက်စွာ ပြန်လှည့်လိုက်သည်။

...

မိန်းကလေး သုံးယောက်ကြားမှ သာယာပုံရသေယ စကားဝိုင်းသည် နောက်ဆုံး ပြီးဆုံးသွားမည်ကို မြင်လိုက်ရသဖြင့် ဘိုင်ကျိုးသည် သူ့ဝိုင်ကို ငုံ့သောက်လိုက်သည်။ ထို့နောက် သူက ဖန်ခွက်ကိုချကာ သူ့အမေဆီသို့ အမြန်သွားလိုက်ပြီး "အ​မေ ခုနကဘာတွေပြောနေတာလဲ"

"ဘာတွေ ဒီလောက်​တောင်စိုးရိမ်နေတာလဲ" မစ္စစ်ဘိုင်က ဝိုင်ခွက်ကိုကိုင်ထားရင်း သူ့ကိုကြည့်ကာ အေးစက်သော လေသံဖြင့် မေးသည်။ သို့ပေမဲ့ သူ့မေးခွန်းကိုတော့ ဖြေပေးလိုက်ပါသည်၊ "စိတ်ပုစရာမလိုဘူး၊ မင်းရဲ့ကောင်မလေးအကြောင်းမဟုတ်ဘူး။"

"ကောင်မလေး-" ဘိုင်ကျိုးက စိတ်ရှုပ်ထွေးစွာ ထိုစကားလုံးများကို ထပ်ရေရွတ်လိုက်ပြီးမှ မစ္စစ်ဘိုင်က ကျီရှင်းရှင်းကို ရည်ညွှန်းနေမှန်းကို သိလိုက်ရပြီး မျက်မှောင်ကြုတ်သွားခဲ့တယ်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူحيث تعيش القصص. اكتشف الآن