အခန်း၁၈၀

Start from the beginning
                                    

ဘိုင်ကျိုးသည် အရပ်မြင့်ကာ ရုပ်ရည်ချောမောတာကြောင့် သူ့ကို ရှာတွေ့ဖို့က လွယ်ပါသည်။ ကျန်းနင်သည် ခဏအတွင်း သူ့ကို ရှာတွေ့နိုင်ခဲ့ပြီး "အာ၊ သူက ဟိုမှာပဲ။ ဟမ်... သူက နင့်ကို စိုက်ကြည့်နေသလိုပဲနော်။"

ကျန်းနင်သည် တည်ငြိမ်အေးဆေးနေသော ကျန်းနင်နှင့် စိုက်ကြည့်နေသော ဘိုင်ကျိုးအကြား ကူးချည်သန်းချည် လှည့်ပတ်ကြည့်နေသည်။

"သူက တကယ်​ကြီး နင့်ကိုကြည့်နေတာ" ကျန်းနင်က အခိုင်အမာ ခေါင်းညိတ်ကာ ပြောသည်။

"ငါ့ညီမလေးက နိုင်ငံခြားမှာ ပညာသွားသင်တယ်လေ။ ငါတို့နှစ်ယောက်က ရုပ်တူတယ်ဆိုတော့ သူကငါ့ကို အစားထိုးပြီးကြည့်နေတာ။" ကျီဖန်ယင်းသည် ရှက်ရွံနေသောအရိပ်အယောက်တစ်စက်မှမရှိဘဲ ပြောလိုက်သည်။

"အချစ်​လေး၊ အစားထိုးလိုကြည့်တာလား တကယ်ကြိုက်နေတာလားတော့ ငါခွဲတတ်ပါတယ်။" ကျန်းနင်က အဓိပ္ပါယ်ရှိတဲ့ အပြုံးနဲ့ ပြန်ပြောခဲ့သည်၊ "သူက နင့်ညီမ မဟုတ်ဘဲ နင့်ကိုစိုက်ကြည့်နေတာ။"

ကျီဖန်ယင်း ခေါင်းကို လှည့်လိုက်သည်။ သူမ၏မျက်လုံးများတွင် ပြုံးနေသည့်အရိပ်အယောင်ရှိနေပြီး သူမ၏နှုတ်ခမ်းဆီသို့ လက်ညှိုးကိုထိကပ်ကာ ကျန်းနင်ကို "ရှူး" ဟူ၍ တိတ်တိတ်နေခိုင်းလိုက်သည်။

"တကယ်ကြီးလား" ကျန်းနင်သည် အံ့ဩစွာ မျက်လုံးပြူးသွားသည်။

ကျီဖန်ယင်းက "သူက အရင်က ငါ့ညီမကို 'ကြိုက်'သလို ငါ့ကို လာကြိုက်'နေတာ" ဟု ကျီဖန်ယင်းက ရှင်းပြသည်။ "အရမ်းအံ့သြမနေနဲ့။ လူငယ်​​တွေက စိတ်အပြောင်းအလဲအရမ်းမြန်တာကို နင်မသိတာလဲမဟုတ်။"

"ငါလည်းအဲ့ဒီလိုထင်တာပဲ။" ကျန်းနင်သည် နှုတ်ခမ်းကို ဖိကာ ချင့်ချိန်စဉ်းစားသည် "သူတို့အိမ်ကလူနဲ့ တွဲရတာ အတော်တော့ ဒုက္ခရောက်တယ်။ သူတို့အိမ်ကို အိမ်ထောင်ပြုပြီးဝင်ဖို့ကလည်းမလွယ်ဘူး၊ ဒါပေမဲ့ နင်အဲ့လိုလူမျိုးကိုမကြိုက်လောက်ဘူးလို့ ငါထင်တယ်။"

ကျီဖန်ယင်းက စဉ်းစားလိုက်ပြီး "ဒါပေမယ့် သူနဲ့ကစားရတာ ပျော်စရာတော့ကောင်းတယ်လေ။" လို့ ပြန်ဖြေလိုက်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now