အခန်း၁၇၂

Start from the beginning
                                    

ပျင်းရိသောသူများကတော့ အဲဒီလေးနာရီကို အလကားပေးဖို့ ရွေးချယ်လောက်ပေမဲ့ ကျီဖန်ယင်းကတော့ 'Buy 6 get 4 free'လို အရမ်းတန်တဲ့အရာကို ဘယ်တော့မှမပေးနိုင်ပေ။ သူမသည် ရုပ်ရှင်လက်မှတ်​ရောင်းသည့်အက်ပ်သို့ လျင်မြန်စွာ ဝင်ရောက်ပြီး ရုပ်ရှင်အသစ်များ ရှိမရှိ စစ်ဆေးကြည့်သည်။

အလကားပေးရမှာထက် ကာရာအိုကေမှာ သီချင်းတောင်သွားဆိုချင်လိုက်သေးတယ်။ ဟုတ်သား၊ တိုက်ခန်းအသစ်လည်း စုံစမ်းကြည့်ရဦးမှာရှိသေးတယ်။

...

နောက်တစ်နေ့တွင် ကျီဖန်ယင်းသည် နေ့လည်စာသွားစား​ပေးရန် ဘိုင်ကျိုး၏အိမ်သို့ သွားခဲ့သည်။

နေ့လည်၂နာရီအချိန်သို့ နီးကပ်လာသည်နှင့်အမျှ ဘိုင်ကျိုး၏မျက်လုံးများသည် ကျီဖန်ယင်းဆီသို့ ပိုပိုပြီးရောက်လာသည်။ ကျီဖန်ယင်းက ဘိုင်ကျိုး၏လက်ထဲကို စတော်ဘယ်ရီသီးများနှင့် ပြည့်နေတဲ့ ပန်းကန်ကို ​ပေးလိုက်ပြီး "ဘာလို့ မမကို ခဏခဏကြည့်နေတာလဲ။"

"ဘာလုပ်ရမလဲ စဉ်းစား​ကြည့်နေတာ။ ဂိမ်းဆော့ကြမလား။" ဘိုင်ကျိုးက အနည်းငယ်အသံတိုးကာ ပြေယလိုက်သည်။

"ဟုတ်ပြီလေ" ကျီဖန်ယင်းသည် သူ့ကမ်းလှမ်းချက်ကို အနည်းငယ်မျှ မတုံ့ဆိုင်းဘဲ လက်ခံခဲ့သည်။

ဘိုင်ကျိုး၏မျက်လုံးများ တောက်ပသွားသည်။ သူက စတော်ဘယ်ရီပန်းကန်ကို ကျီဖန်ယင်း၏လက်ထဲကို ပြန်ထည့်လိုက်ပြီး "မင်းဘဲစားတော့။ ငါကွန်ပြူတာသွားဖွင့်လိုက်ဦးမယ်။"

ကျီဖန်ယင်းသည် စတော်ဘယ်ရီသီးများကို စား​နေလိုက်သည်။

ဘိုင်ကျိုး ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးစဉ် သူရင်းနှီးနေသော အိမ်မက်များကို ကွဲအက်စေသော အချက်ပေးသံတစ်ခု ထွက်ပေါ်လာပြီး သူ့မျက်နှာမှ အပြုံးကို ပျောက်ကွယ်သွားစေသည်။

_________

Zawgyi

ကျီဖန်ယင်းသည် ဖုန်းကိုချကာ သွားတိုက်တော့မည်အချိန်တွင် ပရိုဂရမ်မာထံမှ မက်ဆေ့ခ်ျတစ်ခုရောက်ရှိခဲ့သည်။ သူမ တစ်ချက်ဖွင့်ကြည့်လိုက်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now