အခန်း၁၆၁

Start from the beginning
                                    

ဘာဘဲဖြစ်ဖြစ် နှစ်ယောက်လုံးက ပျော်စရာကောင်းသည်။

မကြာမီတွင် သန်းခေါင်ယံသို့ ရောက်ရှိလာပြီး လူငယ်​လေး၏ မွေးနေ့သည်လည်း ကုန်ဆုံးသွားခဲ့​ပြီ။ ကျီဖန်ယင်းက သူ့ကို နှုတ်ဆက်ပြီး video callကို ချလိုက်တယ်။ သူမသည် လက်ပ်တော့ဆီသို့ ပြန်သွားလိုက်ပြီး ပရိုဂရမ်မာကို ဆယ်မိနစ်ကျော်လောက် လျစ်လျူရှုမိကြောင်းကို သတိပြုမိလိုက်သည်။

သူကမေးထားသည် [ခင်ဗျားရဲ့စကားကို အနှစ်ချုပ်ရရင် ခင်ဗျားက ဒီလက်ရှိစနစ်ထဲကို လေလံဆွဲသည့်စနစ်ပါလုပ်ုပီးထည့်ချင်တာ ဟုတ်တယ်မဟုတ်လား။]

ကျီဖန်ယင်းက တိုတိုတုတ်တုတ် ဖြေသည် [ဟုတ်တယ်]

ပရိုဂရမ်မာက သူမလိုပဲ ခပ်ပြတ်ပြတ် ပြန်ပြောသည် [သိပြီ၊ အဲ့လိုတစ်ခုဆွဲပေးမယ်။ အရင်စျေးအတိုင်းပဲ။]

ကျီဖန်ယင်းသည် အမြန်ရေးဆွဲပေးရန် သူ့ကိုဘေနပ်စ်ပါထည့်ပေးပြီး ရက်ရောစွာ ကမ်းလှမ်းခဲ့သည်။

ပေးရသည့် ပမာဏသည် လေလံစနစ်မှ ရရှိနိုင်မည့် အကျိုးကျေးဇူးများနှင့် နှိုင်းယှဉ်ပါက မများလှပေ။

ပရိုဂရမ်မာသည် အလုပ်တော့ ကောင်းကောင်းလုပ်သည်။ မိနစ်နှစ်ဆယ်အတွင်း ပရိုဂရမ်သည် ကျီဖန်ယင်း၏အီးမေးလ်သို့ ရောက်လာပြီဖြစ်သည်။

ကြိုတင်စာရင်းသွင်းခြင်းအက်ပ်၏ ဒီဇိုင်းသည် ရုပ်ရှင်လက်မှတ်ရောင်းသည့်အက်ပ်များကို အတူယူထားပြီး အတော်လေးရိုးရှင်းပါသည်။ လူတစ်ဦးသည် နေရာတစ်ခုအတွက် ငွေချေချင်သရွေ့ လက်မှတ်သည် သူ့ထံသို့ ရောက်သွားမည်ဖြစ်သည်။

သို့သော်လည်း ဘိုင်ကျိုး၏ ပုံမှန်မဟုတ်သော ဝယ်ယူမှုသည် သူမကို ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို သတိပေးခဲ့ပြီး နည်းနည်းပါးပါး ကန့်သတ်ထားရန် ဆုံးဖြတ်ခဲ့သည်။

အရင်အတိုင်းပဲ၊ အသုံးပြုသူသည် ကြိုတင်စာရင်းသွင်းရန် အချိန်များကို အရင်ဆုံးရွေးချယ်ရမည်ဖြစ်သည်။ ကွာခြားသွားသည်မှာ ပုံမှန်စျေးထပ် ဆယ်ဆတိုးပြီး ပေးချေချင်သလားဟူသော အပိုရွေးချယ်မှုဖြစ်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now