အခန်း၁၅၂

Start from the beginning
                                    

ဒီအမွှာညီအမနှစ်ယောက်နဲ့ သူသိခဲ့တာ နှစ်အတော်ကြာနေပြီဖြစ်ပြီး အသုံးဝင်မယ့် အရာတစ်ခု ရှိလောက်မှာပါ။

"မင်းအရင်တုန်းက ..." စုန့်ရှီးယွီသည် အဆုံးတွင် တစ်စုံတစ်ခုကို တူးဖော်နိုင်ခဲ့သည်။ "... မဟုတ်ဘူး၊ မင်းအစ်မက စာအရမ်းတော်ခဲ့တယ်ဆို။ သူက ဖတ်လိုက်တာနဲ့ အကုန်တန်းနားလည်ပြီး တတ်သွားတယ်လို့ ကြားတယ်။ သူ့ကိုအမှီလိုက်ချင်လို့ ပြတိုက်တွေ ခဏခဏ သွားတာလား။"

ကျီဖန်ယင်းသည် အစားအစာကို ဝါးနေရင်း ရှက်ရွံ့စွာ ပြုံးကာ ခေါင်းကို ဖြည်းညှင်းစွာ ငြိမ့်ပြလိုက်သည်။

သူမ၏ အပြုံးသည် အမြဲလိုလို ချိုမြိန်ပြီး ဖြူစင်နေသော်လည်း စုန့်ရှီးယွီသည်တော့ သူမ၏မျက်လုံးများထဲမှ မထီမဲ့မြင်ပြုသည့်အရိပ်အ​ယောင်ကို မြင်နေရသလို ခဲ့စားရသည်။ အချိန်အတော်ကြာနေပြီဖြစ်တဲ့ ကိစ္စတစ်ခုကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားနေသောသူ့ကို လှောင်ပြောင်နေသကဲ့သို့ပင်။

"ဒီနေ့ ကြယ်သွားကြည့်ကြမလား။" စုန့်ရှီးယွီသည် မြို့ထဲတွင် နာမည်ကြီးသော နက္ခ​ဗေဒပြတိုက်တစ်ခုရှိသည်ကို သတိရလိုက်သည်။

ကျီဖန်ယင်းသည် နောက်ဆုံး ကြက်ဥBenedictကို မျိုချလိုက်ပြီးနောက် "ကောင်းသားပဲ။ မမနဲ့အတူသွားလို့မရတာ စိတ်မကောင်းဘူး။"

စုန့်ရှီးယွီသည် ရင်ဘတ်ထဲတွင် တင်း​ကြပ်သွားသည် "... နောက်အခေါက်ကျ ခေါ်လို့ရတာပဲ။"

"ရပါတယ်" ကျီဖန်ယင်းက ပြုံးကာ ခေါင်းခါလိုက်သည်။ "မမက အဲလိုဟာ​တွေမကြိုက်တော့ဘူး။"

စုန့်ရှီးယွီ၏လည်စေ့သည် အပေါ်နှင့်အောက် ရွေ့လျားသွားပြီး "သူက ဘာကြိုက်တာလဲ"

ကျီဖန်ယင်းက သူ့ကို သံသယဖြစ်စွာ ကြည့်လိုက်ပြီး "ဘာလို့ မမကို အရမ်းဂရုစိုက်နေတာလဲ။ နင်ကြိုက်နေတာ ငါလား၊ မမလား။"

သူမ၏ စကားများသည် အလွန်ပေါ့ပါးနေပြီး သူမအတွက် အရေးမကြီးသော မေးခွန်းတစ်ခုကို မေးနေသကဲ့သို့ပင်။

စုန့်ရှီးယွီသည် သူ့ကို မကြိုက်တော့တဲ့အချိန်ကျမှ အရင်က ခံစားချက်တွေ ဘယ်လောက်တောင် တန်ဖိုးမရှိလဲဆိုတာကို သိလာခဲ့သည်။ အရင်က သူမသည် သူ့ကို အရမ်းသဘောကျခဲ့ပေမယ့် အခုချိန်တွင်တော့ ဘာခံစားချက်မှ မကျန်ခဲ့တော့ပေ။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now