အခန်း၁၄၈

Start from the beginning
                                    

သူမသည် ယခင်က 'ကျီဖန်ယင်း' ၏ မှတ်ဉာဏ်များကို သေချာမကြည့်ခဲ့သော်လည်း ကျီရှင်းရှင်းနှင့် အစောပိုင်းစကားဝိုင်းသည် သူမ၏သံသယအချို့ကို ဖြေဖျောက်ပေးနိုင်ခဲ့သည်။

ကျီရှင်းရှင်းသည် 'ကျီဖန်ယင်း'ကြောင့် စိတ်ပိုင်းဆိုင်ရာ ဖိအားတွေပိပြီး နေမကောင်းဖြစ်ရာက ပြန်ကျန်းမာလာတဲ့အချိန် ရုတ်တရက်ပြောင်းလဲသွားတဲ့အကြောင်းလိုဟာမျိုး။

ဒါမှမဟုတ် ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ဖြည်းဖြည်းချင်းတိုးတက်လာတဲ့ ကျီရှင်းရှင်းရဲ့ 'ပင်လယ်ဘုရင်' စွမ်းရည်က သူမနဲ့ ထူးထူးခြားခြား ရင်းနှီးနေသ​ယောင်ယောင် ဖြစ်နေတဲ့အကြောင်း။

ကျီဖန်ယင်း လေးလေးနက်နက် တွေးတောနေချိန်တွင် ဧည့်ခန်းရှိ တီဗွီသည် ဒီရက်ပိုင်း နာမည်ကြီး​နေသည့် ရှန်းရှဒရာမာကို ပြသနေပါသည်။ အမျိုးသားဇာတ်ဆောင်၏ ဆရာသည် အမျိုးသားခေါင်းဆောင်ကို နာကျင်နေသောမျက်နှာဖြင့် "မင်းလို တပည့်တစ်ယောက်မျိုး ငါ့မှာ မရှိဘူး။ ဒီနေ့ကစပြီး ငါတို့ရဲ့ ဆရာတပည့်ဆက်ဆံရေးက ပြတ်တောက်သွားပြီ။"

ကျီဖန်ယင်းသည် အမျိုးသားဇာတ်ဆောင်၏ဆရာအဖြစ် သရုပ်ဆောင်ထားသည့် သရုပ်ဆောင်ကို စာနာစိတ်ဖြင့် ကြည့်ကာ "ငါရော" ဟု ညည်းတွားလိုက်သည်။

...

ကျီရှင်းရှင်းက သူမကို ရုတ်တရတ် ဖုန်းချလိုက်ခြင်းကို ဒေါသမထွက်ပေ။ ဒါသည် ဟုတ်သည်ဟု ဝန်ခံသည့်သက်သေ ခိုင်မာသော သက်သေဟူ၍ပင် ယူဆခဲ့သည်။

ဒီရက်ပိုင်း ထိုအချက်အလက်များကြောင့် သူမ တုန်လှုပ်သွားသည်မှာ အမှန်ပင်ဖြစ်သော်လည်း စိတ်တည်ငြိမ်စေရန် ရက်အတော်ကြာ အချိန်ပေးပြီးနောက် သူမသည် ထိုကိစ္စကို ဆင်ခြင်တုံတရားဖြင့် ကြည့်ရှုနိုင်လာခဲ့သည်။

လက်ရှိ ကျီဖန်ယင်းက ဘယ်သူလဲဆိုတာ အတည်ပြုဖို့ရာမှာ သူမအတွက် သိပ်မခက်ခဲခဲ့ပေ။

အိပ်မက်ထဲမှာ သူမတွေ့ခဲ့ရတဲ့ 'ကျီဖန်ယင်း' ဟာ စုန့်ရှီးယွီ, ဘိုင်ကျိုး, လီရှောက်ရှင်းတို့ကို လုံးဝ စိတ်ဝင်စားမှာ မဟုတ်ဘူး။ သူမ၏အနေအထားနှင့် အတွေ့အကြုံအရ ထိုအမျိုးသားများသည် သူမ၏အာရုံကို ဖမ်းစားနိုင်မည်မဟုတ်ပေ။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now