လမ်းသရဲအဖွဲ့၏ပြဿနာနှင့်ပတ်သက်၍ ဆရာမကျင်က သူမအား ရဲစခန်းသို့ ထွက်ဆိုချက်တစ်စောင် ရေးရန် ပြောခဲ့၏။ သဘောတရားအရ ဆိုရလျှင် သူတို့သည်ယခုအချိန်တွင် စီရင်ချက်တစ်ခုကို လက်ခံရတော့မည်ဖြစ်သည်။
စာမေးပွဲပြီးသည်နှင့် ကျောင်းသည် ပို၍တိတ်ဆိတ်သွားပြီး ပတ်ဝန်းကျင်က ပို၍ သက်တောင့်သက်သာဖြစ်လာ၏။ သို့သော် ထိုအစား ကျင်းယွင်ကျောင်း ဖြတ်သွားသည့်အခါတိုင်း ထိုနေရာရှိ လူများက သူမအား ထူးထူးဆန်းဆန်းကြည့်နေကြသည်။
"ကျင်းယွင်ကျောင်း မင်းအဖေက ခုနကမှ ကျောင်းထဲကို တရကြမ်း ဝင်သွားတာ။ သူက တအားဒေါသထွက်နေပြီးတော့ မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်းတဲ့အကျင့်တွေကို မသင်ယူဘူးလို့ ပြောတယ်။ သူက မင်းကို အိမ်ပြန်ခေါ်သွားပြီး မင်းရဲ့လုပ်ရပ်တွေကို ပြန်သုံးသပ်ခိုင်းတော့မလို့တဲ့။"
ကျောင်းသားတစ်ဦးသည် လှောင်ပြောင်သရော်သည့် လေသံဖြင့် သူမအား ရုတ်တရက် ထပြောလိုက်၏။
သူသည် သူမ၏ဖခင်အရင်းမဟုတ်သော်လည်း သူမ၏တစ်ဦးသော လူကြီးသူမ အုပ်ထိန်းသူဖြစ်သည်။ ကိစ္စများက ဆိုးသွားခဲ့ပြီဖြစ်ရာ ကျင်းယွင်ကျောင်းသည်လည်း သူမ၏တာဝန်ဝတ္တရားများမှ မလွတ်မြောက်နိုင်သည်မှာ အမှန်ပင် မဟုတ်လား။
ကျင်းယွင်ကျောင်းသည် အဆင့်ကောင်း၍ ရုပ်ရည်သွင်ပြင်လည်း လှသည်။ ထိုဂုဏ်ရည်နှစ်ခုတည်းနှင့်ပင် လူအများက သူမအား မနာလိုဖြစ်စေရန် လုံလောက်၏။
ထို့အပြင် သူမသည် စကားပြောရသည်ကို မနှစ်သက်ဘဲ အမြဲတမ်း တိတ်တိတ်ဆိတ်ဆိတ် စာအုပ်ဖတ်နေလေ့ရှိရာ အခြားသူများအမြင်တွင် အထင်အမြင်သေးစေသည်။ သူမသည် အနိုင်ကျင့်ရန် လွယ်သည့်ပုံပေါက်နေ၏။
ကျင်းယွင်ကျောင်းက ဂရုမစိုက်ဟန်ဖြင့် လှည့်ကြည့်လိုက်ပြီး မေးလာသည်။
"နင်် ဘာပြောလိုက်တယ်။"
သူမ၏ အေးအေးစက်စက်အသံက အခြားသူများအား တုန်လှုပ်သွားစေခဲ့၏။
ထိုကျောင်းသားသည် ထိတ်လန့်သွားပြီး ရုတ်တရက် အနည်းငယ် မသက်မသာခံစားလိုက်ရဖြင့် ခေါင်းကို လွှဲကာ နှုတ်ခမ်းကိုက်ပြီး ပြန်ဖြေလိုက်သည်။
Chapter 19
Bắt đầu từ đầu