အခန်း၁၃၁

Începe de la început
                                    

လီရှောက်ရှင်းက "မင်းမနေ့က ကိုယ်ကို မဆုံးရှုံးစေချင်ဘူးလို့ ပြောခဲ့တယ်။ ကိုယ်က မင်းရဲ့ အချစ်ဆုံးသူငယ်ချင်းပဲဆို။"

"ဟုတ်တယ်​လေ။ ဘာဖြစ်လို့လဲ။" ကျီရှင်းရှင်းက သူမနှလုံးခုန်မြန်လာသည်ကို ခံစားလိုက်ရသည်။

​နောက်​ထပ်ပြောလာမယ့်​အချက်​က...

"ကိုယ်သူငယ်ချင်းကို မလိုဘူး၊ ရှင်းရှင်း။ မင်းကိုယ်နဲ့သူငယ်ချင်းပဲ ဆက်လုပ်ချင်တယ်ဆိုရင် ကိုယ်တို့ အမြဲအဆက်အသွယ်လုပ်​နေဖို့မလိုဘူးလို့ ထင်တယ်။"

ကျီရှင်းရှင်း၏ ခြေလှမ်းများ ရပ်တန့်သွားပြီး မျက်လွှာချကာ လီ​ရှောက်ရှင်းကိုကြည့်လိုက်သည်။

"ရှင်းရှင်း၊ မင်းရွေးပါ" လီ​ရှောက်ရှင်းသည် သူ့မျက်လုံးများကို ရှေ့တည့်တည့် စိုက်ကြည့်သည်။ "ချစ်သူလား၊ သူစိမ်းလား။"

"ငါ..." ကျီရှင်းရှင်းသည် နှုတ်ခမ်းကိုကိုက်ကာ ဒီပြဿနာအတွက် အကောင်းဆုံးဖြေရှင်းနည်းကို ရှာဖွေရန် သူမ၏ဦးနှောက်ကို အလျင်အမြန် လှုပ်ရှားလိုက်သည်။

ဒါဟာ လီ​ရှောက်ရှင်းရဲ့ ရာဇသံဆိုတာ သူမပြောနိုင်ပါသည်။ သူမ သူ့ကို အခု ငြင်းပယ်လိုက်မယ်ဆိုရင် သူ့ကို သေချာပေါက် ဆုံးရှုံးသွားနိုင်ချေရှိနေသည်။

ဒါပေမယ့် သူမ သူ့ကို လက်ခံလိုက်ရင်လည်း နောက်ဆက်တွဲ ပြဿနာတွေ ဆက်တက်လာလိမ့်မယ်...

"... ငါစဉ်းစားဖို့ အချိန်နည်းနည်းလိုတယ်။" ကျီရှင်းရှင်း လျှာကိုကိုက်ကာ တည်ငြိမ်​နေအောင် ထိန်းလိုက်သည်။ သူမသည် လီရှောက်ရှင်းကို စိတ်ပူပန်​နေသည့်အမူအရာဖြင့်ကြည့်ကာ "ရုတ်တရက် ချစ်သူတွေဖြစ်လာဆိုတာ ကိစ္စကြီးလေ... ငါသေချာစဉ်းစားပြီး စိတ်ပြင်ဆင်ဖို့ အချိန်လိုတယ်။ နင်ငါ့ကိုစောင့်ပေးလို့ရလား။"

လီရှောက်ရှင်းသည် ကျီရှင်းရှင်းနှင့် မျက်နှာချင်းဆိုင်ဖြစ်သွားအောင် သူ့wheelchairကို လှည့်လိုက်သည်။

"ဘယ်လောက်ကြာကြာစောင့်​ပေးရမှာလဲ။" လီ​ရှောက်ရှင်းသည် သူမ၏မျက်လုံးများကို လေးလေးနက်နက် စိုက်ကြည့်ကာ မေးလိုက်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူUnde poveștirile trăiesc. Descoperă acum