အခန်း၁၂၉

Start from the beginning
                                    

သူမပြောခဲ့သည့် စကားလုံးတိုင်းသည် ကျီရှင်းရှင်းကို ထိခဲ့ပြီး သူမသည် သူ့ပိုက်ကွန်ဆီသို့ နီးကပ်လာခဲ့သည်။ ကျီဖန်ယင်းက သူ့ကိုကူညီလာဖို့ ဒီငွေကို သုံးခဲ့ရတာ တန်ပါသည်။

လူသုံးဦးနှင့် ဖုန်းခေါ်ဆိုမှုသို့ ပြန်သွားလိုက်​ကြရအောင်။

ကျီရှင်းရှင်း"ငါတို့ဆေးရုံမှာတုန်းက အချိန်တွေကို မှတ်မိသေးလား။ ငါနင့်ကိုအမြဲလိုက်ရှာပေမဲ့ နင်ကငါ့ကိုအမြဲလျစ်လျူရှုခဲ့တာလေ။ အဲ့တုန်းက နင့်လိုရုပ်ချောတဲ့လူက ဘာလို့ ဒီလောက်တောင် ဒေါသကြီးနေတာလဲဆိုတာ သိချင်ခဲ့တာ"

ကျီဖန်ယင်း: [သမ်းလိုက်]

လီ​ရှောက်ရှင်းသည် ခက်ခဲသော်လည်း စိတ်ကိုမာအောင်ထားကာ သမ်းဝေလိုက်သည်။

ကျီရှင်းရှင်း: "နင်အိပ်ချင်နေပြီလား။ တောင်းပန်ပါတယ်၊ ငါနင်ကို ဒီလိုအချိန်မျိုးမှာ မခေါ်သင့်တာကို နင်အိပ်နေတာကို နှောင့်ယှက်မိသွားတယ်။ အရမ်းစိုးရိမ်နေလွန်းလို့ သေချာမတွေးဘဲ ခေါ်လိုက်မိတာ..."

ကျီဖန်ယင်း: [နင်စိတ်ထဲမထားဘူးဆိုတာကို အေးစက်စက်ပြောပြီး သူ့ကိုပြန်အိပ်ခိုင်းလိုက်။]

လီ​ရှောက်ရှင်း၏ မူရင်းအသံကပင် အေးစက်သောကြောင့် လုပ်ယူရန် မလိုအပ်ပေ "သုံးနာရီထိုးတော့မယ်။ မြန်မြန်သွားအိပ်တော့။"

ဖုန်းထဲတွင် အချိန်အတော်ကြာအောင် လွန်ဆွဲပြိုင်ပွဲကြီးပြီးသွားပြီးနောက် ကျီရှင်းရှင်းက ဝှက်ဖဲကို ထုတ်လိုက်ပါသည် "ငါတို့ ငယ်ငယ်တုန်းကလို အိပ်ပျော်သွားတဲ့အထိ ရှိနေပေးပါ့လား။"

ကျီဖန်ယင်းက လီရှောက်ရှင်းကို 'ကြောင်လက်မထောင်ပြနေသော' အီမိုဂျီကို ပေးပို့ခဲ့သည်။

[သက်ပြင်းချလိုက်ပြီး စကားတစ်ခွန်းမှ မပြောနဲ့]
[ခဏနေ ရလဒ်တွေ့ရလိမ့်မယ်]

လီရှောက်ရှင်းသည် လျှာဖျားတွင်ရှိပြီးသား စကားလုံးများကို မျိုချကာ သက်ပြင်းချလိုက်သည်။

ကျီရှင်းရှင်းသည် ငိုသံစွက်လာပြီး "လီရှောက်ရှင်း၊ ငါနင့်ကို တောင်းပန်ပါတယ်၊ ငါဘာမှားခဲ့လဲဆိုတာ ငါ့ကိုပြောပြပေးပါ့လား။ ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိလာ​ကြတာ နှစ်ချီနေပြီ။ နင်က ငါ့ရဲ့အဖိုးတန်ဆုံး သူငယ်ချင်းပါ... ငါနင့်ကို မဆုံးရှုံးချင်ဘူး။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now