အခန်း၁၂၈

Start from the beginning
                                    

"ကြိုးဖုန်း"

ကျီဖန်ယင်းသည် လီရှောက်ရှင်း၏ wheelchairလှိမ့်သံကို ကြားနေပြီး မကြာမီတွင် သူ့ဘေးနားရှိ အခြားဖုန်းမြည်သံကိုလည်း ကြားလိုက်ရသည်။

"ရှင်ကျွန်မကို ဘာလို့ဖုန်းခေါ်တာလဲ" ကျီဖန်ယင်းက သိချင်စွာ မေးသည်။ "ဖုန်းလေးတစ်ကောပဲကို။"

"မင်းငါ့ကို ဘာလုပ်ရမလဲဆိုတာ ပြောပြဖို့"

"ဒီအခြေအနေမှာ ရှင်ဘာလုပ်ရမယ်ဆိုတာ စဉ်းစားစရာတောင်လိုသေးလို့လား။ ဖုန်း​ဖြေလိုက်ပေါ့။" ကျီဖန်ယင်းက သမ်းဝေလိုက်သည်။

"ကျီဖန်ယင်း မင်းကွန်ပလိန်းတက်တာတွေကို နားထောင်ဖို့ ပိုက်ဆံပေးထားတာမဟုတ်ဘူး။" လို့ လီရှောက်ရှင်းက ပြတ်သားစွာ ပြောလိုက်သည်။

ကျီဖန်ယင်း ထပ်သမ်းလိုက်သည်။ သူမတွင် သူနှင့် ငြင်းခုံရန် ခွန်အားကို မရှိ​သောကြောင့် တခြားတစ်ဖက်မှ ဖုန်းမြည်သံ အဆုံးသတ်ဖို့ကို စောင့်ဆိုင်းနေရင်း "အရင်ဆုံး စိတ်အေးအေးထားပါ။ နောက်တစ်ခေါက် ဖုန်းထပ်လာရင် ကျွန်မနားထောင်ဖို့ စပီကာဖွင့်ထားလိုက်။ ကျွန်မWechatကနေ ဘာလုပ်ရမလဲ ပြောပြမယ်။"

"... ငါ့မှာ မင်းရဲ့WeChatမရှိဘူး"

"အာ၊ အဲ့တာဆို အခုaddကြမယ်လေ။" ကျီဖန်ယင်းက ပြန်ပြောသည်။

အချင်းချင်းaddရန် တစ်မိနစ်တောင် မကြာခဲ့ပေ။ ထိုအချိန်တွင် ကျီရှင်းရှင်း၏ဒုတိယဖုန်း​ကောသည် ရောက်လာပြီဖြစ်သည်။ ဒုတိယအ​ကြိမ် ဖုန်းဝင်လာပြီးနောက် ကျီဖန်ယင်းက ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည် "ကိုင်လိုက်"

ပြီးတာနဲ့ သူမလက်တော့ပ်ဖြင့် ကမန်းကတန်း စာရိုက်လိုက်သည် [အရင်စကားစပြောနဲ့။]

...

ကျီဖန်ယင်းက သူ့ကို 'ကိုင်လိုက်' လို့ပြောလိုက်တာနဲ့ လီရှေက်ရှင်းသည် ကြိုးဖုန်းမှ ဖုန်းကိုကိုင်ကာ စပီကာဖွင့်လိုက်သည်။ ထို့​နောက် ကျီဖန်ယင်းပြောသည့်အတိုင်း ပါးစပ်ကို တင်းတင်းစေ့ထား၏။

စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီး လီ​ရှောက်ရှင်းသည် မခံမရပ်နိုင်စွာ ခံစားနေရသည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now