အခန်း၁၂၂

Start from the beginning
                                    

ကျီဖန်ယင်းက ဒါကိုကြားတော့ အံ့ဩသွားသည် "ငါသူနဲ့ တစ်ရက်ရက် တကယ်ကိုတွေ့ဦးမှပဲ။"

"ဟမ်?" ကျန်းနင် အံ့သြသွားသည်။  "ရုပ်ရှင်ကြည့်ပွဲတုန်းက နင်သူနဲ့ စကားမပြောခဲ့ဘူးလား။ ရုပ်ရှင်သွားတော့ သူနင့်ထိုင်ခုံဘက်ကိုသွားလိုက်တာလေ။"

ကျီဖန်ယင်းသည် ထိုနေ့က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို ပြန်တွေးကာ ခေါင်းညိတ်လိုက်ပြီး "အာ ငါမှတ်မိပြီ။"

"ဘာမှတ်မိတာလဲ၊ ပြောပြဦး!" ကျန်းနင်က ကျယ်လောင်စွာ ပြောလိုက်သည်။

ကျီဖန်ယင်းသည် ရယ်မောကာ "သိချင်ရင် သူ့ကိုမေးလိုက်ပါ့လား။"

"ဟဲရှန်က ငါ့ကို ဘာမှမပြောပြလို့။"

...

ကျီဖန်ယင်းသည် နေ့ခင်းပိုင်းတွင် စုန့်ရှီးယွီနှင့် ပန်းချီ​ပြပွဲတွင် တွေ့ရမည်ဖြစ်တာ​ကြောင့် အိမ်တွင် အနည်းငယ်ရှာဖွေကြည့်ခဲ့သည်။ စုံစမ်းကြည့်ရာ ထိုပန်းချီပြပွဲသည် ကျီရှင်းရှင်း ကြိုက်သော ပန်းချီဆရာ၏ လက်ရာများကို ပြသထားကြောင်းကို တွေ့ရှိခဲ့သည်။

အနုပညာလက်ရာများအကြောင်းကို နည်းနည်းပါးပါး ပြောနိုင်ရန်အတွက် ပန်းချီဆရာ၏ ကိုယ်ရေးကိုယ်တာအသေးစိတ်အချက်အလက်များကို အလွတ်ကျက်ကာ သူ၏ပန်းချီကားများကို ​သေချာလေ့လာခဲ့သည်။

သို့သော် သူမ၏ရှာ​ဖွေတွေ့ရှိချက်အသစ်များကို အသုံးချရန် အခွင့်အရေး မရခဲ့ပေ။

"ကိုယ်မင်းကို လက်ဆောင်ပေးမယ်လေ" ဟု စုန့်ရှီးယွီက ပြောသည်။ "မင်းခုနက ပန်းချီကားကို အ​ကြာကြည့်နေခဲ့တာ၊ ကြိုက်လို့လား။"

ကျီဖန်ယင်းသည် သူမ၏ မှတ်ဉာဏ်ကို ပြန်စဥ်းစားရန် အချိန်အနည်းငယ်ယူခဲ့ရသည်။

ထိုပန်းချီကားကို သူမ အချိန်အကြာကြီး စိုက်ကြည့်နေခဲ့သော အကြောင်းအရင်းမှာ သူမ နားမလည်နိုင်သောကြောင့်ဖြစ်သည်။ ဒါကို စကားလုံးများဖြင့် ဖော်ပြရမည်ဆိုလျှင်၊ 'ဒါကို အနုပညာလို့ ပြောလို့ရလို့လား။'

ဘာပဲဖြစ်ဖြစ် သူ့ဆီက လက်ဆောင်ကို ပွင့်ပွင့်လင်းလင်း လက်ခံလိုက်ရင် မှားသွားပါလိမ့်မယ်။ ထိုကဲ့သို့က ကျီရှင်းရှင်းမဆန်ပေ။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now