အခန်း၁၁၉

Start from the beginning
                                    

စားပွဲထိုးထွက်သွားပြီးနောက် ကျီဖန်ယင်းသည် သူမ၏ တူများကို ယူကာ ဘာမှမပြောဘဲ နှိုက်ကာစားလိုက်သည်။ "ဒါပေမယ့် ကျွန်မမှာ ရှင့်အတွက် သတင်းကောင်းရှိတယ်။ ကျီရှင်းရှင်းရဲ့နှလုံးသားထဲမှာ ရှင့်ရဲ့နေရာက တော်တော်လေးမြင့်နေပြီးသား၊ အဲ့တော့ ကျွန်မကရှင့်ကို အမြင့်ဆုံးနေရာထိရောက်အောင် တွန်းပို့ပေးဖို့ပဲလိုမှာ။"

"အခု သူ့နှလုံးသားထဲက အရေးကြီးဆုံးလူက ဘယ်သူလို့ မင်းထင်လဲ" လီ​ရှောက်ရှင်းက မေးသည်။

ကျီဖန်ယင်း အံ့သြသွားသော်လည်း သူ့နှုတ်ခမ်းမှ ထွက်လာသော မေးခွန်းကို ကြားလိုက်ရသောအခါ ဝမ်းသာသွားသည်။ "ဒါများ မေးစရာ​တောင်လိုသေးလို့လား"

"ဘိုင်ကျိုးက အရည်အချင်းမမှီဘူး။" လီ​ရှောက်ရှင်းသည် ဘိုင်ကျိုးကို စာရင်းမှ ​ဖြုတ်ချခဲ့သည်။

ကျီဖန်ယင်းက သက်ပြင်းချပြီး သူ့အမေးကို "သူကိုယ်တိုင်ပဲလေ။ ကျီရှင်းရှင်းအတွက် အရေးအကြီးဆုံးက သူကိုယ်တိုင်ပဲ။ ဘိုင်ကျိုးဖြစ်ဖြစ် ရှင်ဖြစ်ဖြစ်၊ ရှင်တို့က ဒီတိုင်း... ဒါကို ဘယ်လိုပြောရမလဲ... ခြေနင်းတုံး? ဆုတံဆိပ်? ဒါမှမဟုတ် collectionထဲက တံဆိပ်ကောင်းတွေလား။ အဲ့လိုသဘောမျိုးပဲ။"

လီ​ရှောက်ရှင်းသည် အစာစားချင်စိတ်ပျောက်သွားပုံရပြီး သူ၏ တူများကို ချလိုက်သည်။

ကျီဖန်ယင်းသည် ဤအခွင့်အရေးကိုယူကာ သူ့ရှေ့ရှိ 'တူနာဆာရှိမိ'ပန်းကန်ကို သပ်ရပ်စွာ ယူလိုက်သည်။ "အနည်းဆုံးတော့ ရှင်က တန်ဖိုးရှိတဲ့ limitedတံဆိပ်ခေါင်းပဲလေ၊ ဒီစမှတ်က တော်တော်လေး ကောင်းပါတယ်။ အခုကစပြီး ကြိုးစားလို့ရတာပဲ။"

"မင်းသူ့အကြောင်းကို အရမ်းနားလည်နေတာပဲ၊ သူ့ကိုစုံစမ်းထားတာလား။"

"ကျွန်မသူ့ကို စိတ်မဝင်စားပါဘူး" ကျီဖန်ယင်းက ပြန်ပြောသည်။ "သူ့ရဲ့လုပ်ပုံလုပ်နည်းတွေနဲ့ ရင်းနှီးနေရုံတင်။"

ကမ္ဘာပေါ်ရှိ 'ပင်လယ်ဘုရင်များ' အားလုံးသည် တူညီသောလှည့်ကွက်အနည်းငယ်ကို ပြုလုပ်ကြခြင်းကြောင့်များလား။ ကျီဖန်ယင်းကိုကြည့်လိုက်ချိန်တွင် တစ်နည်းနည်းဖြင့် ကျီဖန်ယင်းသည် မျိုးရိုးတူသော ဂျူနီယာလေးကဲ့သို့ ခံစား​နေရသည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now