အခန်း၁၁၃

Start from the beginning
                                    

သူ၏ခေါင်းမာမှုသည် အသုံးဝင်ခဲ့ပြီး နှစ်နှစ်အတွင်း အခမ်းနားဆုံး ဒါရိုက်တာဆုကို ရရှိနိုင်တော့မှာဖြစ်သည်။

သို့သော်လည်း ထိုနှစ်တွင် ကျီရှင်းရှင်း၏ လှည့်ကွက်ကြောင့် သူသည်အမှောင်ဘက်ခြမ်းသို့ ရောက်ရှိသွားပြီး သူမကို ပြန်ပေးဆွဲတော့သည်။ ထို့ကြောင့် သူသည် နှစ်အနည်းငယ်ကြာအောင် ထောင်ထဲတွင် နေခဲ့ရသည်။

... သူကတော့ ရေတိုဖောက်သည်လောက်ပဲဖြစ်လိမ့်မယ်။

သူတစ်ခုခုလုပ်ဖို့ကြိုးစားရင် ရဲတိုင်လိုက်တာပေါ့။

ဒါဆို လက်ရှိအချိန်အတွက်တော့ စန်းရှန်းရန်ဘက်မှ ကိစ္စများစွာကို ဖြေရှင်းနိုင်ခဲ့ပြီ။ အခုချိန်တွင် ပြဿနာအသစ်ခု ရှိနေသေးသည်။

ချန်ယွမ်ရှန်း

ကျီဖန်ယင်းသည် အမှိုက်ကောင်များနှင့် အေးဆေး ကစားနိုင်သော်လည်း ချန်ယွမ်ရှန်းကိုတော့ ထိုကဲ့သို့ မဆက်ဆံနိုင်ပေ။

သူသည် ပြတ်သားပြီး ဒဲ့တိုးသွားသောလူငယ်တစ်ယောက်ဖြစ်ပြီး ထက်မြက်ပြီး ဝေဖန်ပိုင်းခြားနိုင်စွမ်းလည်းရှိပါသည်။ သူမစကားမဆုံးခင်မှာပင် သူသည် သူမပြောချင်သည့်အရာကို သိနေပြီဖြစ်သည်။

ထက်မြက်သူများသည် ကိုယ့်ကိုကိုယ် ချောင်ပိတ်သွားအောင် လုပ်လေ့ရှိပါသည်။

အကယ်၍ သူမသာ မူလကမ္ဘာတွင် ရှိနေသေးမည်ဆိုပါက အခြေအနေသည် တူညီမှာမဟုတ်ပေ။

သူမခန္ဓာကိုယ်ကို အနှိပ်ခုံထဲသို့ နစ်မြုပ်စေလိုက်သည်။

ထားလိုက်တော့။ ငါသူ့ကိုငြင်းဖို့ အစီအစဉ်ချထားပြီးသား၊ ပြီးတော့ သူကလည်း အခုမှ အရွယ်ရောက်သွားတဲ့လူအနေနဲ့ ဆုံးဖြတ်ချက်ကိုချထားတာ။ ငါက ဘာအခွင့်အရေးနဲ့ သူ့ဆုံးဖြတ်ကို ချေပရမှာလဲ။

...

နောက်ဆုံး လေယာဉ်ဆိုက်သောအခါ ကျီဖန်ယင်းသည် သူမ၏ခရီးဆောင်အိတ်ကိုယူကာ ​လောယာဉ်ခန်းထဲမှထွက်ခွာသွားတော့သည်။

ဟုတ်ပါတယ်၊ သခင်လေးဘိုင်ကတော့ ကိုယ့်အထုပ်ကိုယ် ဘယ်ဆွဲပါ့မလဲ။ လေယာဉ်မယ် နှစ်ယောက်သည် ရှေ့သို့တိုးလာပြီး သူ့ခရီးဆောင်အိတ်ကို သယ်ကူပေးခဲ့တာကြောင့် သူသည် ကျီဖန်ယင်းထက် အနည်းငယ် နှေးကွေးသွားသည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now