အခန်း၁၁၀

Start from the beginning
                                    

တစ်ဖက်မှ ကျီဖန်ယင်း၏ ရယ်သံကို ကြားလိုက်ရသည်။

"အားနာပါတယ်၊ အစ်မ မင်းတို့မျိုးဆက် တက္ကသိုလ်ကျောင်းသားတွေကို လျှော့တွက်မိပုံပဲ။" လို့ ပြောလာသည်၊ "ဒါပေမယ့် အစ်မ အထင်လွဲ​စေလောက်မဲ့ လုပ်ရပ်မျိုး မလုပ်ခဲ့မိလို့ တော်သေးတာပေါ့။"

"... ဘယ်လိုလုပ် အထင်လွဲနိုင်မှာလဲ။" ချန်ယွမ်ရှန်းက ငြီးတွားသည်။ "ကျွန်​တော်တို့ စတွေ့ကတည်းက အစ်မက ကျွန်တော့်ကို ကလေးလိုဆက်ဆံတာ ကျွန်တော်သိသားပဲ။ အစ်မတောင် ကျွန်တော့်ထပ် နှစ်နှစ်ပဲကြီးတာကို။"

ကျီဖန်ယင်းသည် နောက်တစ်ကြိမ် ရယ်မောလိုက်ရာ သူမ၏အသံသည် လူကြီးတစ်ယောက်ရဲ့ စိတ်ရှည်သည်းခံမှုနှင့် နူးညံ့သိမ်မွေ့မှုများ ပါဝင်နေသည်။ သို့တိုင် ထိုနူးညံ့သိမ်မွေ့မှုများသည် တိမ်များကိုကျော်လွန်၍ လက်လှမ်းမမီနိုင်သော နေမင်းကြီးထိအောင် ဝေးကွာလွန်း​နေသည်ဟု ခံစား​​ရသည်။

"အစ်မကို သဘောကျပေးပြီး အစ်မအတွက် အမြဲတွေးပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါတွေက အစ်မမှာ ချို့တဲ့နေတဲ့အရာတွေလေ။" သူမသည် အေးဆေးသော်လည်း ခိုင်မျာသောအသံဖြင့် ဆက်လက်၍ "ဒါပေမယ့် အစ်မ မင်းကိုအမြတ်မထုတ်ချင်ဘူး။ ဒီလောကကြီးမှာ အရမ်းကိုတန်ဖိုးကြီးတဲ့ သန့်ရှင်းပြီး တက်ကြွတဲ့ နှလုံးသားကို အစ်မ မနင်းချေချင်ဘူး။ "

"အဖိုးတန်လဲ ဘာလုပ်ရမှာလဲ။ အစ်မမှ မလိုချင်တာ။" ချန်ယွမ်ရှန်းက ညည်းညူလိုက်သည်။

"ဒီလောက် အဖိုးတန်တဲ့အရာကို အစ်မလို မိန်းမဆိုးကို မပေးသင့်ဘူး။" ကျီဖန်ယင်းက ရယ်မောရင်း ပြန်ပြောသည် ။ "အစ်မထပ် ပိုကောင်းတဲ့လူအတွက် သိမ်းထား၊ ဟုတ်ပြီလား။"

"ဟင့်အင်း" ချန်ယွမ်ရှန်းသည် သူ့ကိုယ်သူ ရင့်ကျက်သော အရွယ်ရောက်ပြီးသူကဲ့သို့ အတတ်နိုင်ဆုံး ကြိုစား ပြောဆိုခဲ့သည် "မမ၊ အခုချိန် ရည်းစားမထားချင်သေးလည်း အဆင်ပြေပါတယ်။ အလျင်မလိုပါဘူး၊ ကျွန်တော်က ငယ်ပါသေးတယ်။ အစ်မကို စောင့်နိုင်တယ်... ပြီးတော့ အကွာအဝေးကို ဘယ်လိုထိန်းရမလဲဆိုတာလည်း ကျွန်တော်သိတယ်။ အစ်မကို စိတ်အနှောင့်အယှက်မပေးပါဘူး။ အစ်မကိုလည်း အရမ်းမတွယ်ကပ်ဘူး၊ အစ်မအလုပ်တွေကိုလည်း အနှောင့်အယှက်မဖြစ်စေရဘူး။ အစ်မ ကျွန်တော့်ကို လိုအပ်တဲ့အချိန်တိုင်း ကျွန်တော်ရှိနေပေးမယ်။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now