အခန်း၉၅

Comincia dall'inizio
                                    

"နင်​ရည်းစားထားတော့မယ်ဆိုရင် ငါ့ကို ကြိုပြောဦး။" ကျီဖန်ယင်းက သတိပေးသည်။ "မဟုတ်ရင် နင်ပဲ အကျိုးယုတ်မှာ။"

စုန့်ရှီးယွီနှင့် ချန်ယွမ်ရှင်းတို့ကြားမှ ဘလိုင်းဒိတ်သည် အဆင်ပြေသွားကာ သူတို့နှစ်ဦး လက်ထပ်ဖို့ပြောတော့မည်ဆိုလျှင် သူမသည် ဒီလုပ်ငန်းကို ဆက်မလုပ်လိုတော့ပါ။ ချန်ယွမ်ရှင်းနှင့် ကျီရှင်းရှင်းအကြားတွင် ကြီးမားသော ခြားနားချက်တစ်ခုရှိသည်။

ကျီဖန်ယင်း၏စကားကိုကြားပြီးနောက် စုန့်ရှီးယွီသည် ရုတ်တရက် ရယ်မောလိုက်ပြီး "နောက်ဆုံးမှာတော့လဲ သဝန်တိုလို့ အဲ့လိုစကားတွေပြောနေတဲ့ပုံပါပဲ"ဟု ပြောပါသည်။

ကျီဖန်ယင်း : "..."

တခါတရံ အမျိုးသားများသည် အမျိုးသမီးများထက်ပင် အတွေးလွန်နိုင်သည်။

စုန့်ရှီးယွီ၏ စိတ်အခြေအနေသည် တခဏ​လေးအတွင်းမှာပဲ သိသိသာသာ တက်​ကြွလာသည်။ သူသည် ကုတ်အင်္ကျီကို လက်ပေါ်တင်ကာ ဘားမှ ထွက်သွားတော့မည် ဖြစ်သည်ဓ "သွားရအောင်။ ကိုယ်မင်းကို အိမ်​ပြန်လိုက်ပို့ပေးမယ်။"

"အလုပ်ရှုပ်မခံပါနဲ့။ တက္ကစီနဲ့ပဲ သွားတော့မယ်။" ကျီဖန်ယင်းက မဆိုင်းမတွ ငြင်းသည်။

စုန့်ရှီးယွီရဲ့ အပြုံးကိုကြည့်ကာ သူနောက်ထပ် တစ်ခုခုပြောတော့မည်ဖြစ်တာကြောင့် ခေါင်းစဉ်ပြောင်းဖို့ ဆုံးဖြတ်လိုက်ပါသည်။ "ငါ့ညီမ ခရစ္စမတ်ကျ ပြန်လာတော့မယ်တဲ့။"

မျှော်လင့်ထားသည့်အတိုင်း စုန့်ရှီးယွီ၏ မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်း အေးခဲသွားသည်။

ကျီဖန်ယင်းက အဓိပ္ပါယ်မဲ့ မေးခွန်းများဖြင့် အချိန်ဖြုန်းတီးမည့်အစား သူ့ကိုလက်ဝေ့ယမ်းပြကာ "အဲ့တာကြောင့် ငါနင့်ကိုကြိုက်၊မကြိုက်ထပ် အချစ်ပြိုင်ဖက်တွေနဲ့ရင်ဆိုင်ဖို့ကိုပဲ စဉ်းစားနေသင့်တယ်မလား။"

ပြင်သစ်မှာ သူစျေးကွက်တိုးချဲ့ပြီးရင် နင်နဲ့ ရင်ဆိုင်ရမယ့် ပြိုင်ဘက်တွေ ပိုများလာမယ်ဆိုတာ နင်သိသင့်တယ်။ သူနဲ့ တစ်ယောက်ယောက်တောင် ပြန်ပါလာနိုင်တယ်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူDove le storie prendono vita. Scoprilo ora