အခန်း၈၉

Start from the beginning
                                    

"ဟုတ်​ပါတယ်​" ကျီဖန်ယင်းက စိတ်​မ​ဝင်စားစွာ ​ခေါင်းညိတ်​လိုက်သည်။

စန်းရှန်းရန်သည် ကျီဖန်ယင်းက ငါးကင်ထဲမှ အနူးညံ့ဆုံးအသားတစ်ပိုင်းကို ယူသည်ကို မြင်လိုက်သည်: "…"

သူခဏလောက် ခေတ္တရပ်လိုက်ပြီးနောက် ဇာတ်လမ်းထပ်ရေးပါတော့သည် "မင်းကျီရှင်းရှင်းဖြစ်လာပြီး သူ့လိုအချစ်မခံချင်ဘူးလား။"

ကျီဖန်ယင်းက အံ့သြစွာဖြင့် ခေါင်းကို မော့ကာ "မခံချင်ပါဘူး၊ ကျွန်မက အချမ်းသာဆုံးလူစာရင်းထဲဘဲ ဝင်ချင်တယ်။ သိပ်အများကြီးမမျှော်လင့်ထားပါဘူး၊ ဆယ်ဘီလီယံဘဲ... မဟုတ်ဘူး၊ ၉.၈ဘီလီယံလောက်။"

စန်းရှန်းရန်က မျက်တောင်ခတ်ပြီး ဖြည်းညှင်းစွာ "မင်းအခုငြင်းနေပေမဲ့ စုန့်ရှီးယွီအတွက်ကျ သရုပ်ဆောင်ပေးတယ်မလား။ ဒါမှမဟုတ် ... စုန့်ရှီးယွီနဲ့တော့ အဆင်ပြေပြီး တခြားလူအတွက်ကျ အဆင်မပြေဘူးပေါ့။"

"အခြားလာ?"

"ကျွန်တော့်ကိုပြောတာပါ။"

ကျီဖန်ယင်း၏မျက်နှာတွင် အံ့အားသင့်နေမှုမှား တစိုးတစိပင်မရှိ။ သူမ မေးထောက်ကာ "ဆက်ပြောပါ" ဟု ပြောသည်။

စန်းရှန်းရန်က ယုံကြည်ချက်ရှိစွာ "ဒါက နှစ်ဖက်လုံး အကျိုးရှိမဲ့ကိစ္စပါ။ ကျွန်​တော်တို့နှစ်ယောက်လုံး လိုချင်တာကို ရလိမ့်မယ်။ မင်းက ညီမလေးရဲ့ ပျော်ရွှင်မှုကို ရသလို၊ ကျွန်​တော်ကလည်း ကျွန်တော်လိုချင်တဲ့ စိတ်ကျေနပ်မှုကို ရလိမ့်မယ်။"

"မဟုတ်ဘူး" ကျီဖန်ယင်း ခေါင်းခါလိုက်သည်။ " ပြောင်းပြန်ပြင်ရမယ်။ ရှင်လိုချင်တဲ့ စိတ်ကျေနပ်မှုကို ကျွန်မပေးမယ်၊ ရှင်ကတော့ ကျွန်မလိုချင်တဲ့အရာကိုပြန်ပေးရမယ်။"

"ဘာကွာလို့လဲ" စန်းရှန်းရန်သည် သူမ၏ အဓိပ္ပါယ်မရှိပုံပေါ်သော အငြင်းအခုံကို အနှောက်အယှက်မဖြစ်ခဲ့ပေ။

ကျီဖန်ယင်းက "ကျွန်မက တခြားသူရဲ့ပျော်ရွှင်မှုကို မလိုချင်ဘူး။ ကျွန်မလိုချင်တာက ပို​ရိုးရှင်းပြီး လက်တွေ့ကျတဲ့ အရာတစ်ခု။"

စန်းရှန်းရန်သည် စကားဝိုင်းထဲတွင် တဖြည်းဖြည်း ဩဇာဆုံးရှုံးလာသည်ကို ခံစားလိုက်ရပြီး သူ့ထိန်းချုပ်မှုအောက်မှလွတ်ထွက်နေတာကြောင့် အနည်းငယ် စိုးရိမ်ကာ "… ဘာကိုလိုချင်တာလဲ။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now