အခန်း၈၇

Start from the beginning
                                    

ဧည့်ခန်းထဲမှာ မရှိဘူး။

ကားပါကင်မှာ မရှိဘူး။

ဘယ်တုန်းက ပျောက်သွားတာဖြစ်နိုင်လဲ။

တိုက်ခန်းကို သန့်ရှင်းရေးလုပ်ရန် လူများရောက်လာတတ်သော်လည်း သူတို့သည် ပရောဖက်ရှင်နယ်များဖြစ်တာကြောင့် ကိုယ်ပိုင်ပိုင်ဆိုင်မှုများကို မထိပေ။ ဒီအတောအတွင်း ဘယ်ဧည့်သည်မှလည်း မရှိခဲ့...

စုန့်ရှီးယွီ၏ ခြေလှမ်းများသည် ရုတ်တရက် ရပ်တန့်သွားသည်။

မဟုတ်ဘူး၊ ဟိုတလောက ဒီကိုလူတစ်ယောက်လာခဲ့တယ်။

စိတ်တိုနေသောမျက်နှာဖြင့် စုန့်ရှီးယွီက ဖုန်းကို ကောက်ကိုင်လိုက်ပြီး ကျီဖန်ယင်းရဲ့ နံပါတ်ကို ခေါ်လိုက်တယ်။ ဒါပေမယ့် ဖုန်းမြည်ပြီး တစ်စက္ကန့်လောက်ကြာတော့ ဖုန်းချလိုက်တယ်။

ကျီဖန်ယင်းက လက်ကောက်ကိုတကယ်ပြန်ယူသွားတယ်ဆိုရင်တောင် သူ့ကိုဘယ်လိုပြောပြီး ပြန်တောင်းရမှာလဲ။ ပြောရရင် မကောင်းတော့တဲ့ လက်ကောက်တစ်ခုကို ဘာလို့ ပြန်တောင်းရမှာလဲ။

ဘာလို့ ကျီဖန်ယင်းက ငါ့ကို မကြိုက်တော့ဘူးလားဆိုတာကို စိတ်ပူနေရမှာလဲ။

စုန့်ရှီးယွီ ဖုန်းခေါ်ဆိုလာချိန်တွင် ကျီဖန်ယင်းသည် ညစာကိုပြင်ဆင်နေပါသည်။

သူမသည် အားနေသောလက်ဖြင့် ဖုန်းကိုင်လိုက်ကာ တခြားလက်တစ်ဖက်ဖြင့် အိုးကို ဆက်လက်မွှေနေလေသည်။  "ဟယ်လို?"

"မင်းငါ့အိမ်မှာတုန်းက ခွင့်ပြုချက်မရှိဘဲ ငါ့ပစ္စည်းတွေကို ထိခဲ့​သေးလား။" စုန့်ရှီးယွီက မေးခွန်းထုတ်သည်။

ကျီဖန်ယင်းက သူ့အမေးကို ပြန်မဖြေခင် စဉ်းစားလိုက်ပြီး "ငါ​ပြန်တဲ့အချိန် အမှိုက်ထုပ်ပဲ သယ်သွားတာပါ။ အဲ့ထဲမှာ အရေးကြီးတာပါသွားလို့လား။"

စုန့်ရှီးယွီ : "…"

"ဒါပေမဲ့ ပါသွားစရာမရှိပါဘူး။" ကျီဖန်ယင်းသည် သူ့စကားလမ်းကြောင်းအားလုံးကို လွယ်ကူစွာ ပိတ်ပစ်လိုက်သည်။  "စိတ်မပူပါနဲ့၊ ငါအမှိုက်ကိုမလွှင့်ခင် အရင်စစ်လိက်သေးတယ်။ အကုန်ပစ်ရမယ့် ပစ္စည်းတွေချည်းပဲ။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now