အခန်း၈၀

Start from the beginning
                                    

ကျီဖန်ယင်းသည် ယခုအချိန်တွင် ဘိုင်ကျိုးကို ချော့နိုင်ခဲ့သော်လည်း ပြဿနာအရင်းမြစ်ကိုတော့ မဖြေရှင်းပေးနိုင်ပေ။ ဤပြဿနာကို တကယ်ဖြေရှင်းနိုင်သူမှာ ကျီရှင်းရှင်း ကိုယ်တိုင်သာ ဖြစ်သည်။

ကျီရှင်းရှင်းသည် လက်ရှိအချိန်တွင် ငါးဖမ်းလုပ်ငန်းကို ရပ်တန့်ပြီး အခြေချရန်သာ အာရုံစိုက်​နေသင့်သည်။  ငါးဖမ်းလုပ်ငန်းကို ချဲ့ထွင်ရန်မှာ မခက်ခဲသော်လည်း ကြီးမားလာသည်နှင့်အမျှ ရေရှည်ခိုင်မြဲစေရန် အားထုတ်မှု အနည်းငယ် လိုအပ်ပါသည်။

ကျီဖန်ယင်းသည် ဘိုင်ကျိုးသည် သူမနဲ့ ပတ်သက်နေသည်ကို ကျီရှင်းရှင်းက ရိပ်မိနေတာလားကို စဉ်းစားရင် ကျီဖန်ယင်းသည် အစားအစာကို ဆော့ကစားနေသည်။

ရိုးရိုးသားသား ပြောရလျှင် သူမသည် အငှားသရုပ်ဆောင်တစ်ဦးထက် မပိုသောကြောင့် သူမနှင့် မသက်ဆိုင်ပေ။ ဒါပေမဲ့ ကျီရှင်းရှင်းအတွက်တော့ ခေါင်းကိုက်နေစေလောက်မှာပါ။

ကျီဖန်ယင်းသည် ခေါင်းကိုမော့ကာ ဘိုင်ကျိုးကိုကြည့်လိုက်ရာ စောစောက သူမပြောခဲ့သည့် 'သူနှင့်ယှဉ်၍ပင်မရသောသူ' ဟူသောစကားသည် အနည်းငယ် အစွမ်းထက်ကြောင်း သတိပြုမိလိုက်သည်။

သူတို့ ထမင်းစားနေကြသည်မှာ မိနစ်အတော်ကြာနေပြီဖြစ်သော်လည်း ဘိုင်ကျိုး၏ခေါင်းသည် ငုံ့နေဆဲဖြစ်သည်။ သူသည် ဟင်းတစ်ပန်းကန်ဖြင့်ပင် လုံလောက်သကဲ့သို့ သူ့ရှေ့တွင် ချထားသော ဟင်းပန်းကန်ထဲမှသာ ယူစားနေခဲ့သည်။

ကျီဖန်ယင်းသည် သက်ပြင်းတစ်ချက်ချကာ သူမ၏အရူးဖောက်သည်၏ ပန်းကန်ထဲသို့ အခြားဟင်းများ ထည့်ပေးလိုက်သည်။ "ဒီငါးကို စားကြည့်၊ ဟင်းရည်​ရော ယူဦးမလား။"

ဘိုင်ကျိုးသည် သူမကို တိတ်ဆိတ်စွာ သူ့ပန်းကန် ကမ်းလာတာကြောင့် ကျီဖန်ယင်းသည် ပန်းကန်ကိုယူကာ မတ်တပ်ထရပ်ပြီး သူ့အတွက် ဟင်းရည်ကို ထည့်ပေးလိုက်သည်။

ထိုအချိန်တွင် ဖုန်းမြည်သံ ထွက်ပေါ်လာသည်။ စားပွဲဘေးမှာ ထားထားတဲ့ ဘိုင်ကျိုးရဲ့ဖုန်းက လင်းလာပြီး ကျီဖန်ယင်းနှင့် ရင်းနှီးတဲ့ ဓာတ်ပုံတစ်ပုံကို ပေါ်ထွက်လာပါသည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now