အခန်း၆၀

Beginne am Anfang
                                    

ထို့နောက် သူ မတ်တပ်ထရပ်ကာ ထွက်ခွာသွားသည်၊ သူသည် အတော်လေး အရပ်ရှည်ပါသည်။

ကျီဖန်ယင်း "...?"  သူသန့်စင်ခန်းကို အရေးတကြီး သွားဖို့လိုနေလို့များလား။

စာတန်းထိုးများပြီးဆုံးသွားပြီးနောက်၊ မီးများပွင့်လာပြီး လူတိုင်း မတ်တပ်ရပ်ကာ လက်ခုပ်တီးကြသည်။

ကျီဖန်ယင်းသည် သူမဘေးနားရှိ ထိုင်ခုံကို မသိစိတ်မှ စိုက်ကြည့်လိုက်တော့ လူမရှိပေ။

အဲဒီနောက်မှာတော့ ရုပ်ရှင်အဖွဲ့သားတွေအတွက် အင်တာဗျူးပါ။

ကျီဖန်ယင်းသည် မေးခွန်းမေးရန် ရည်ရွယ်ချက်မရှိသော်လည်း၊ ရုပ်ရှင်အဖွဲ့သားများ၏ရှုမြင်ပုံသည် ပရိသတ်နှင့် ကွာခြားနိုင်သောကြောင့် သူမကြိုတင်ပြင်ဆင်ထားခဲ့သည့် မှတ်စုစာအုပ်နှင့် ဘောပင်ကို ထုတ်လိုက်သည်။ မှန်ကန်သော သုံးသပ်ချက်တစ်ခုကို ရေးသားနိုင်ရန်၊ သူမသည် စေ့စေ့စပ်စပ် နားလည်ရန် အရေးကြီးသည်။

အမေးအဖြေကဏ္ဍသည် တင်ဆက်ပေးသူ၏ဦးဆောင်မှုအောက်တွင် ချောမွေ့စွာ ပြီးသွားခဲ့သည်။

ကျီဖန်ယင်းသည် အရေးကြီးတဲ့အသေးစိတ်အချက်အလက်တွေကို မှတ်သားထားခဲ့ပြီး ရုပ်ရှင်သုံးသပ်ချက်ရေးဖို့ကိုလည်း အကြမ်းဖျဉ်း စိတ်ကူးထားပြီးသားပါ။

မကြာခင်မှာပဲ ရုပ်ရှင်ကြည့်ပွဲသည် တရားဝင်​ပြီးဆုံးသွားပြီး ရုံထဲမှ လူအုပ်ကြီး ထွက်ခွာပါတော့တယ်။ ကျီဖန်ယင်းသည်လည်း ထိုင်နေရာမှထကာ အိမ်ပြန်ရန်ပြင်ဆင်သည်။

နောက်ကျနေပြီ၊ နောက်နေ့မနက် အလုပ်ရှိတယ်။

သူမ လမ်းလျှောက်ထွက်လာစဉ်တွင် ရှေ့တန်းထိုင်ခုံများဘက်မှ စန်းရှန်းရန်သည် သူမဆီသို့ လျှောက်လာနေသည်ကို သတိပြုမိလိုက်သည်။ သို့သော်လည်း မကြာခင်မှာပဲ စုန့်ရှီးယွီက သူ့ကို ရပ်တန့်လိုက်ပြီး အပြုံးများဖြင့် စကားစမြည်ပြောကြပါတော့သည်။

ကျီဖန်ယင်းက တူတူရာစုတယ် လို့တွေးလိုက်ပါသည်။

ဘယ်လိုပဲဖြစ်ဖြစ် သူမသည် နှာရှုံ့ပြီး ဆက်သွားရန် ဆုံးဖြတ်ခဲ့သော်လည်း အခြားသူတစ်ဦးဆီမှ တားဆီးခံလိုက်ရသည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWo Geschichten leben. Entdecke jetzt