အခန်း၅၇

Start from the beginning
                                    

အဖေကျီနှင့် အမေကျီတို့သည် ကျီရှင်းရှင်းဖြင့် ထိုအဆင့်သို့ရောက်ရန် အခွင့်အလမ်းရှိ​လောက်သည်ဟု ထင်ခဲ့ကြသော်လည်း ကျီဖန်ယင်းသည် သူတို့ထက်အရင် အထက်တန်းလွှာများဆီသို့ ရောက်ရှိသွားလိမ့်မည်ဟု လုံးဝထင်မထားခဲ့ချေ။

ထိုအချိန်တွင် ကျန်းနင်သည် ကျီဖန်ယင်းနှင့်အတူ လမ်းလျှောက်လာခဲ့သည်။

"အာ၊ ရှင်က ကျီမိသားစုကလား။ စုန့်ရှီးယွီ သူတို့ကို ဒီနေရာကို ဖိတ်လိုက်တာလို့ ထင်တာပဲ။" ဟု သူမက ပြောကြားခဲ့သည်။  ထို့နောက် ကျီဖန်ယင်းဘက်လှည့်ကာ "နားနေခန်းထဲကို ဖိတ်ချင် ဖိတ်လို့ရပါတယ်"

ကျီဖန်ယင်းက ကျန်းနင်က သူမဆီက တစ်ခုခုကြားရဖို့ ကြိုးစားနေသလား ဆိုတာကို မသိပေ၊ ဒါ့ကြောင့် သူမသည် "မလိုပါဘူး" လို့ပဲ တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။

ငါ့ဘာသာပဲ အေးအေးဆေးဆေး နေချင်တယ်။

"ဟိုဘက်မှာ ဖျော်ရည်တွေရှိတယ်၊ ပြီးတော့ အဲ့နားမှာ ဂျပန်အစားအစာနဲ့ အချိုပွဲ​တွေလည်းရှိတယ်။ ကြိုက်တာယူစားလို့ရပါတယ်။" ကျန်းနင်က နား​နေခန်းတစ်ဝိုက်ကို အကြမ်းဖျင်း မိတ်ဆက်​ပေးလိုက်ပါသည်။ "အခြားသူတွေနဲ့ စကားမပြောချင်ရင် ဒီမှာက ပိုသက်တောင့်သက်သာရှိမှာပါ။"

ကျန်းနင်နှင့် ကျီဖန်ယင်းတို့ကြားတွင် တစ်ဦးသည် ခမ်းနားစွာ ဝတ်စားထားပြီး ကျန်တစ်ဦးမှာတော့ ပေါ့ပေါ့ပါးပါးသာ ဝတ်ဆင်ထားသည်။ ဤသိသိသာသာ ကွာခြား​နေမှုက အရမ်းကို မျက်စိဖမ်းစားစေသည်။

ဘယ်လိုဖြစ်ဖြစ် နား​နေခန်းရှိ လူအနည်းငယ်သည် စကားစမြည်ပြောဆိုရန် သူတို့ဆီ ချဉ်းကပ်လိုသည့် ရည်ရွယ်ချက်မျိုးကို မပြခဲ့ပေ။

ကျီဖန်ယင်းသည် လူတိုင်းသည် အေးစက်ပြီး မာန​ကြီးနေ​ကြသည့် လူမှု​ရေးပွဲများကို နှစ်သက်သည်။ ဒီလိုဆို ပင်ပန်းတာလျော့သည်။

"ကျွန်မမှာ လုပ်စရာတွေ ရှိလို့ သွားလိုက်ဦးမယ်၊တစ်ယောက်တည်း ဒီမှာပဲ အဆင်ပြေရဲ့လား။" ကျန်းနင်က ကျီဖန်ယင်းကို စားပွဲတစ်ခုဆီကိုခေါ်သွားပြီး ထိုင်ခိုင်းလိုက်သည်။  "ဟဲရှန်း ရောက်လာတာနဲ့ ရှင့်ကိုချက်ချင်းလာတွေ့လောက်မှာပါ။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now