အခန်း၄၉

Start from the beginning
                                    

ကျီဖန်ယင်းက သူ့တုန့်ပြန်မှုကြောင့် ရယ်ချင်သွားသည်။  "မင်းလိမ်နေတယ်လို့ အစ်မ မပြောခဲ့ပါဘူး။"

သူသည် ဒုတိယမြောက်ကြိုးစားမှုတွင်တော့ ထိုအဆင့်ပြီးသွားတာကြောင့် သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူသည် ကျီဖန်ယင်းကို ဖုန်းပြန်ပေးလိုက်ပြီး 'ချီးကျူးပေး'ဟူသောမျက်နှာဖြင့် စိတ်လှုပ်ရှားစွာ သူမကို ကြည့်နေသည် "ကျွန်တော် ဒီအဆင့်ပြီးသွားပြီ။"

ကျီဖန်ယင်းက သူ့ဆီက ဖုန်းကို ယူပြီး ကူညီ​ပေးတဲ့အတွက် ကျေးဇူးတင်လိုက်သည်။

"ကျွန်တော့် ဒီအဆင့်ကို ရှင်းပေးထားတယ်ဆိုတော့ အစ်မကို မေးခွန်းတစ်ခု​လောက် မေးလို့ရမလား" လူငယ်လေးက မေးလာသည်။

ကျီဖန်ယင်းက ဂိမ်းကို ပိတ်လိုက်ပြီး "ရတယ်လေ" ဟု ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

သူဘာမေးမယ်ဆိုတာကို သူမ ခန့်မှန်းစရာပင် မလိုပေ။ ထိုမေးခွန်းကို သူ့မျက်နှာအနှံ့တွင် ရေးထားသလိုပင်။

ထင်ထားတဲ့အတိုင်း လူငယ်လေးသည် စိတ်လှုပ်ရှားစွာနဲ့ နှုတ်ခမ်းကို ဖိလိုက်ပြီး "အစ်မ စောစောက ယောက်ျားလေးတစ်ယောက်နဲ့ လမ်းလျှောက်နေတာလေ... အဲ့တာ အစ်မရည်းစားလား" လို့ မေးသည်။

"ရည်းစား?" ကျီဖန်ယင်းသည် သူ့ရှေ့တွင် သူမဖုန်းကို ဝှေ့ယမ်းပြလိုက်ပြီး "အစ်မမှာသာ ရည်းစားရှိတယ်ဆိုရင် သူစိမ်းယောကျ်ားလေးနဲ့ စကားစမြည်ပြောနေပါ့မလား။"

ထိုစကားကိုကြားတော့ လူငယ်သည် လေးနက်စွာ သက်ပြင်းချလိုက်သည်။ သူ့မျက်နှာတွင် ရွှင်မြူးသော အပြုံးတစ်ခု ထွက်ပေါ်လာပြီး "ဒါဆို အစ်မတို့နှစ်ယောက်က သူငယ်ချင်းတွေပဲလား၊ တော်သေးတာပေါ့"

"အစ်မတို့ကသူငယ်ချင်းတွေမဟုတ်ဘူး" ကျီဖန်ယင်းက ငြင်းဆိုလိုက်သည်။ "သူကအစ်မရဲ့ဖောက်သည်လေ။"

"ဒါဆို အခုအလုပ်ပြီးသွားပြီလား" လူငယ်လေးက အနည်းငယ် အံသြစွာ မေးသည်။  "ကျွန်​တော်တို့ ဒီမှာပြန်တွေ့ကြတာ တကယ့်ကို တိုက်ဆိုင်တာပဲ။ ကျွန်တော်တို့ ထမင်းအတူသွားစားကြမလား၊ ကျွန်တော်ဝယ်ကျွေးမယ်။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now