အခန်း၄၂

Começar do início
                                    

"အိုကေ" ကျီရှင်းရှင်းက ပြန်ဖြေသည်။

လူသစ်လေး နှစ်ယောက်ကို ဆွဲ​ခေါ်လာရခြင်းသည် အလွန်ပင် ပင်ပန်းသည်။ ဆကိတိုက်ရှုံး​နေမှုများစွာကို ကြုံတွေ့ပြီးနောက် သူသည် တဖြည်းဖြည်း စိတ်ပျက်လာပြီး ကျီရှင်းရှင်းနှင့် စကားပြောကာ သူ့အာရုံကို ပြောင်းရန် ရွေးချယ်ခဲ့သည်။

ဘိုင်ကျိုးသည် ပြင်သစ်တွင် သူမဘယ်လိုနေထိုင်နေလဲဆိုတာ ကျီရှင်းရှင်းကို မေး​နေခဲ့ချိန် တစ်လျှောက်လုံး Kittyသည် တိတ်ဆိတ်နေခဲ့သည်

"မမ အဲ့မှာအခြေကျသွားတာနဲ့ ကျွန်တော် ပဲရစ်ကို လာလည်လဲ့မယ်။ အဲ့မှာစားရသောက်ရတာအဆင်ပြေရဲ့လား။ ကျွန်တော် မမအတွက် တစ်ခုခု ဝယ်ခဲ့ပေးမယ်။"

"အဆင်ပြေပါတယ်။ ငါနေတဲ့နေရာနဲ့ တရုတ်စျေးတန်းနဲ့က သိက်မဝေးဘူး။ အဲ့မှာ အကုန်ဝယ်လို့ရတယ်။" လို့ ကျီရှင်းရှင်းက ဖြေလာခဲ့ပါသည် "မင်း ငါ့အတွက် စိတ်ပူနေဖိုမလိုပါဘူး၊ အဲ့အစား ငါက မင်းကိုတောင် ပိုစိတ်ပူနေတာ။ မင်း ဂိမ်းစဆော့လိုက်တာနဲ့ အချိန်တွေကို မသိတော့ဘူးလေ။"

ဘိုင်ကျိုးသည် စကားဆက်ပြောဖို့ရန် အခြားအကြောင်းအရာကို ရှာဖွေနေရင်း သူရဲ့mouseနဲ့ဆော့နေသည်။

"မမမှာ အမြွှာရှိတယ်မလား"

"…ဟုတ်တယ်။  မင်းသူ့ကိုတွေ့ခဲ့တာလား။"

"အင်း၊ ဟိုတလောက လမ်းမှာတွေ့ခဲ့တာ" လို့ ဘိုင်ကျိုးက ပြောပြီးနောက် သူက ခဏလောက် ရပ်လိုက်ပြီး "ဒါဆို သူအခု ဘာအလုပ်လုပ်နေလဲဆိုတာ မမသိလား" လို့ မေးပါတယ်။

"မမကအလုပ်မရှိဘူးလေ။ မမက ကျောင်းပြန်တုန်းက ငါ့ထက် အများကြီးသာခဲ့တာကို အခုတော့…" ကျီရှင်းရှင်း သက်ပြင်းချလိုက်သည်။ "မင်း သူ့လိုကိုယ်ရည်ကိုယ်သွေးနဲ့လူတွေကို သဘောမကျဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် ပြောရရင် သူကငါ့အစ်မပဲလေ။ သူနဲ့ရန်မဖြစ်ပါနဲ့၊ ဟုတ်ပြီလား။"

"အင်း…" ဘိုင်ကျိုးက ငြီးတွားကာ ပြန်ဖြေသည်။  "အမွှာတွေဘဲကို ဘာလို့ မမတို့နှစ်ယောက်က ဒီလောက်မတူရတာလဲ။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူOnde histórias criam vida. Descubra agora