အခန်း၃၃

Start from the beginning
                                    

"အင်း…" ကျီဖန်ယင်းသည် တွေးလိုက်ကာ နည်းနည်းနောက်လိုက်သည်  "ငါလ​ည်း မင်းတို့နှစ်ယောက် ဘယ်လိုမတူတာလဲ သိချင်နေတာ။"

"စုန့်ရှီးယွီက သူ့ချစ်သူဖြစ်​ပေးဖို့ ပြောခဲ့တာလား။"

ကျီဖန်ယင်းသည် ပုန်ကန်တတ်သော ကလေးတစ်ယောက်နှင့် ဆက်ဆံနေရသကဲ့သို့ ပေါ့ပါးစွာ သက်ပြင်းချလိုက်ပြီး  "ငါသူ့ကို ငြင်းထားတယ်လေ၊ မသိဘူးလား"

"အဲဒါကို မေးတာမဟုတ်ဘူး။" ဘိုင်ကျိုးက ကျီဖန်ယင်းကို စူးရဲစွာ စိုက်ကြည့်နေသည်  "သူနဲ့ တွေ့ရင်လည်း မင်းဒီလိုပဲလုပ်နေတာလဲ။"

ကျီဖန်ယင်းသည် မေးခွန်းကို တုံ့ပြန်ရန် ရွေးချယ်ခဲ့သည်။  သူမ ခေါင်းကို လက်ဖြင့်ထောက်ပြီး နူးညံ့သောအပြုံးဖြင့် ဘိုင်ကျိုးရဲ့မျက်လုံးများကို ကြည့်လိုက်တယ်။

မျက်လုံးချင်းဆုံပြီး ဆယ်စက္ကန့်ကြာသောအခါ၊ ဘိုင်ကျိုး၏ နားရွက်များသည် နီရဲလာပြီး မျက်လုံးများကို ထိတ်လန့်တကြား လွှဲလိုက်သည်။

သူသည် စိတ်မွန်းကျပ်စွာ အံ့ကြိတ်ပြီး ခေါင်းကို လွှဲလိုက်သည်။  "အဲ့အရူးစုန့်ရှီးယွီက မင်းမျက်နှာကို ဘယ်လိုတောင် မမလို့ အထင်မှားနိုင်ရတာလဲ။ တစ်စက်မှလည်းမတူဘဲနဲ့။"

ကျီဖန်ယင်းက သူ့ခေါင်းကို ပုတ်ကာ တုံ့ပြန်လိုက်သော်လည်း သူသည် သူမလက်ကို ဖယ်ချလိုက်သည်။

"မင်းဘာတွေစဉ်းစားနေတာလဲ ငါသိတယ်" ဘိုင်ကျိုးက မထီမဲ့မြင်နဲ့ ပြောလိုက်သည် "မင်းစုန့်ရှီးယွီကို ကြိုက်နေလို့ အစားထိုးအဖြစ်နဲ့တောင် သူ့အနားမှာ ရှိချင်နေတာမလား။ မင်းကိုယ်မင်းရော သူပါ စီးပွားရေးဆိုပြီး လိမ်နေတာလေ။"

ကျီဖန်ယင်းသည် ဘိုင်ကျိုးသည် အမှန်တကယ်ကို ဇာတ်လမ်းရေးနိုင်သည်ဟု ထင်နေပြီ။

"ဒါပေမယ့် ငါက စုန့်ရှီးယွီနဲ့ မတူဘူး။ ငါသ​ဘောကျတဲ့သူက ဘယ်သူလဲဆိုတာ ရှင်းရှင်းလင်းလင်း သိတယ်၊ သူ့ကို ဘယ်သူမှ အစားထိုးလို့မရဘူး။" ဘိုင်ကျိုးကဆက်၍ "ဒါပေမယ့် မင်းတကယ် စုန့်ရှီးယွီကို စနှိုက်ကြော်နိုင်မယ်ဆိုရင် ငါတကယ်ဝမ်းသာမှာပါ။ ပြိုင်ဖက်တစ်ယောက်နည်းသွားတာပေါ့"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now