အခန်း၂၂

Start from the beginning
                                    

ကျိုးချီသည် ကျီဖန်ယင်း၏ညာဘက်တွင်ထိုင်နေသောလူကို စူးစူးရဲရဲကြည့်လိုက်ပြီး ထပ်မံ လျစ်လျူရှုလိုက်ပြန်သည်။

ထိုအချိန်တွင် ဒီ​တွေ့ဆုံပွဲကိုစီစဉ်သူဖြစ်သော ချန်လင်းသည် သူမ၏သူငယ်ချင်းများဘက်လှည့်ပြီး ရယ်မောကာ "ရယ်ရလိုက်တာ။ နည်းနည်းပါးပါး ​​ပြင်ဆင်​ပြလိုက်တာနဲ့ မျက်လုံးမကောင်းတဲ့ယောကျ်ားတွေကို ဆွဲဆောင်နိုင်သွားတယ်နော်။"

ကျီဖန်ယင်းက သူမကို ဂရုမစိုက်ဘဲ ကိတ်မုန့်ကိုသာ ဆက်စားနေသည်။

ချန်လင်း : "..."

သူမသည် အံကြိတ်ကာ ပိုမိုကျယ်လောင်သော အသံဖြင့် "မျက်နှာလှလှလေးရှိတာ တကယ်ကိုကောင်းတာပဲ။"

သူမ၏ ကျယ်လောင်သော စကားသည် ကျီဖန်ယင်းကို 'ဘာလို့ဒီလောက်အကျယ်​ကြီးစကားပြောနေတာလဲ' ဟူသော အမူအရာကို ဖြစ်သွားစေသည်။ ကျီဖန်ယင်း၏ မျက်နှာပေါ်ရှိအမူအရာသည် အပြစ်ကင်းစင်​ပြီး ချန်လင်းရဲ့အပြုအမူကို တကယ်စိတ်ဝင်တစားဖြစ်​နေပုံပေါ်ပါတယ်။

ချန်လင်းသည် သည်းမခံနိုင်တော့ဘဲ မတ်တပ်ထရပ်လိုက်ပြီး "ကျီဖန်ယင်း၊ နင့်နာမည်ကို ထုတ်ပြောမှသိမှာလား။"

ကျီဖန်ယင်းက မျက်တောင်ခတ်လိုက်ပြီး "တောင်းပန်ပါတယ်၊ ရှင်က...?"

"ဟန်ဆောင်နေတာ​တွေ ရပ်လိုက်​တော့။" ချန်လင်းသည် သူမ၏ ဇွန်းကို စားပွဲပေါ်ဆောင့်ချလိုက်ပြီး "ငါစီစဉ်တဲ့ တွေ့ဆုံပွဲကျ လာရဲပြီး ငါ့ကိုမသိဘူးပေါ့။"

ကျီဖန်ယင်းက သဘောပေါက်သွားပြီး မျက်လုံးပြူးသွားသည်။ "ရှင်က စီစဉ်တဲ့သူလား။ နေရာကို ကောင်းကောင်းရွေးတာပဲ။ ဒီစားသောက်ဆိုင်က အစားအသောက်တွေက အရမ်းအရသာရှိတယ်။"

"ကျေးဇူးပါပဲ။" ချန်လင်းက မသိစိတ်မှ ပြန်ဖြေလိုက်သည်။

စက္ကန့်ပိုင်းမျှကြာအောင် ကြောင်သွားပြီနောက် သူမသည် အသိဝင်လာပြီး "ဘာလို့ဒီကိစ္စကိုထပြောတာလဲ။ ငါနင့်ကို အခုပြောဆိုနေတာလေ။"

အဲဒီ့အတွက် ကျီဖန်ယင်းက "ဘာကိုလဲ။ ရှင်က ကျွန်မရဲ့ မျက်နှာကလှတယ်လို့ ပြောလိုက်တာ မဟုတ်ဘူးလား။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now