အခန်း၂၀

Start from the beginning
                                    

စုန့်ရှီးယွီ ဖြစ်နေခဲ့ပါသည်။

လောလောဆယ်တွင် သူသည် သူ့အသက်အရွယ်ဝန်းကျင်လောက်ရှိသော တခြားလူတစ်ယောက်နှင့် စကားပြောရင်း လမ်းလျှောက်လာသည်။ ဘယ်လိုပဲကြည့်ကြည့် သူသည် ကောင်းမွန်စွာ ပျိုးထောင်ခံထားရသူနှင့် တူသည်။

တကယ်လည်း စုန့်ရှီးယွီသည် အလွန်ကောင်းမွန်စွာ ပျိုးထောင်ခံထားရသည်ပဲလေ။ သူ့စရိုက်က တခါတလေသာ ပြောင်းလဲသွားတတ်တာကလွဲလို့။

ကျီဖန်ယင်းသည် သူမအကြည့်ကိုလွှဲတော့မည့်အချိန်တွင် စုန့်ရှီးယွီသည် ခေါင်းကို ရုတ်တရက် မြှောက်လိုက်တာကြောင့် သူမတို့ မျက်လုံးချင်းဆုံမိသွားကြသည်။

စုန့်ရှီးယွီက ခဏတာ ရပ်တန့်သွားပြီးနောက် သူ့ခေါင်းကို လှည့်လိုက်သည်။ သူ၏အမူအရာသည် အနည်းငယ်တုန်လှုပ်သွားပြီး တစ်ခုခုကို ဖုံးကွယ်နေကဲ့သို့ပင်ယ

ကျီဖန်ယင်းက သူ့ကို ဂရုမစိုက်တော့ဘဲ ထိုင်ခုံတစ်ခုံမှာထိုင်ပြီး လိ​မ္မော်ရည်တစ်ခွက်ကို မှာလိုက်တယ်။

စုန့်ရှီးယွီ ရောက်လာသည်နှင့် တပြိုင်နက် ချက်ချင်း သူသည် အာရုံစူးစိုက်မှု၏ အလယ်သို့ရောက်သွားသည်။ လူအုပ်ကြီးက သူ့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနှုတ်ဆက်ကြသည်။

ဂိမ်းကစားနေရင်းဖြင့် ကျီဖန်ယင်းသည် တခြားလူများပြောနေသောစကားများကို နားထောင်နေပြီး တက်ရောက်လာသူများ၏ လူမှုအဆင့်အတန်းကို နားလည်သွားသည်။

ဒီ​နေရာက လူ့အဖွဲ့အစည်းကို ပိရမစ်အဖြစ် ပြောင်းလိုက်မည်ဆိုလျှင် ထိပ်ပိုင်းတွင် ရပ်နေသူများမှာ စုန့်ရှီးယွီနှင့် သူ့အဖွဲ့ဖြစ်ပြီး အခြားတက်ရောက်သူများမှာ သူ့အောက်ရှိ အဆင့်တွင်ဖြစ်သည်။ ဒါက သူတို့ရဲ့အိုဗာဖြစ်စွာ ကောင်းမွန်နေသော စိတ်သဘောထားကို ရှင်းပြပြီးနေပြီဖြစ်သည်။

ကျီဖန်ယင်း​သည် မည်သည့်စကားဝိုင်းတွင်မျှ မပါဝင်ခဲ့သော်လည်း လူသားများသည် အသွင်အပြင်ကို အရမ်းအာရုံစိုက်ကြသည်။ လူမှုဆက်ဆံရေးမှာဆိုလျှင် ရုပ်ရည်ချောမောသူတွေဟာ မွေးရာပါ အားသာချက်တစ်ခု ပိုင်ဆိုင်ထားသကဲ့သို့ပင်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now