အခန်း၁၅

Start from the beginning
                                    

"ဘယ်လိုပုံစံ လုပ်ကြမလဲ။" ကျီဖန်ယင်းသည် ပုံစံခွက်အမျိုးမျိုးကို လိုက်ကြည့်နေသော စုန့်ရှီးယွီ၏ တုံ့ပြန်မှုကို အကဲဖြတ်နေသည်။

စုန့်ရှီးယွီ၏ မျက်လုံးများသည် ပုံစံခွက်အမျိုးမျိုးကို ဖြတ်၍ နောက်ဆုံးတွင် အသည်းပုံ ပုံစံခွက်တွင် ရပ်သွားသည်။

'ခန့်မှန်းဖို့လွယ်လိုက်တာ။' ကျီဖန်ယင်း တွေးလိုက်မိသည်။

"ဘယ်ဟာသဘောကျလဲ။" သူမမေးတယ်။

စုန့်ရှီးယွီက ညင်ညင်သာသာ ချောင်းဆိုးလိုက်ပြီး "ကိုယ်က ဘယ်ဟာဖြစ်ဖြစ် အဆင်ပြေပါတယ်"

ဒါကြောင့် ကျီဖန်ယင်းသည် လက်ရာမြောက်သော အသည်းပုံ ပုံစံခွက်ကို မဆိုင်းမတွ လှမ်းယူလိုက်ပြီး "ငါဒီတစ်ခုကို ကြိုက်တယ်။ ဒါနဲ့လုပ်ရအောင်။"

စုန့်ရှီးယွီက "အင်း" ဟု လေးနက်သောအသံဖြင့် ပြောကာ တုံ့ပြန်ခဲ့သည်။

နင့်အ​တွေး​တွေကို ဖတ်ဖို့က အရမ်းလွယ်လွန်းနေတာမဟုတ်ဘူးလား။

ကျီဖန်ယင်းက သူ့ကို တကယ်ကို သင်ခန်းစာ နည်းနည်းလောက် သင်ပေးချင်ပေမဲ့ သူမရဲ့ဒုတိယအတွေးမှာ သူမဖောက်သည် ယုံလွယ်နေတာက ပိုကောင်းတာပေါ့။ သူမသည် အတွေးများကို ခေါင်းထဲမှထုတ်ကာ ညွှန်ကြားချက်အတိုင်း အရည်ကျိုထား​သော ချောကလက်များကို ပုံစံခွက်ထဲသို့ ဂရုတစိုက်လောင်းထည့်လိုက်ပြီး ချောကလက်ခဲလာမည့်အချိန်ကို စောင့်နေလိုက်သည်။

စောင့်ဆိုင်းနေစဉ်တွင် စုန့်ရှီးယွီသည် အတိတ်အကြောင်း ရုတ်တရက် ထပြောလာသည်။ "အဲဒီနေ့ နှုတ်ဆက်ပွဲတုန်းက ကိုယ်လက်ထပ်တောင်းလိုက်တာ မင်းအတွက် ရုတ်တရတ်နိုင်သွားမယ်ဆိုတာ ကိုယ်သိပါတယ်၊ ဒါပေမဲ့ ကိုယ် မင်းကို သ​ဘောကျနေတာကြာပြီ။"

ကျီဖန်ယင်းသည် မနေ့က စုန့်ရှီးယွီ ပြောခဲ့သည့် တောင်းဆိုချက်များကို တွေးရင်း မျက်တောင်ခတ်လိုက်သည်။

လွန်ခဲ့သည့်နှစ်ရက်က ကျီရှင်းရှင်း သူ့ကိုပြောခဲ့သောစကားတို့အတွက် တောင်းပန်​စေချင်သည်။ သူတို့ဘာတွေပြောခဲ့လဲဆိုတာ သူမသေချာမသိပေမဲ့လည်း အရမ်း စပ်စုဖို့ မလိုအပ်ပါဘူး။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now