အခန်း၈

Start from the beginning
                                    

စုန့်ရှီးယွီ၏ မျက်လုံးများသည် စူးရှစွာ ကျဉ်းမြောင်းသွားသည်။

"ဒီမှာ ငါပြောချင်တာက ဒါကဘာခံစားချက်မှမပါတဲ့ လုပ်ငန်းသဘောအရကိစ္စပဲ။" ကျီဖန်ယင်းက သူမမေးစေ့ကို လက်ဖြင့် အေးအေးဆေးဆေး ထောက်လိုက်ပြီး "ငါ့ဆီမှာ ငါ့ညီမကို ဒီကိစ္စကို ထုတ်ပြောဖို့ ရည်ရွယ်ချက်မရှိသလို နင့်ဘက်ကိုလည်း ပြဿနာဖြစ်အောင်မလုပ်ချင်ဘူး။ ဒါကြောင့် နင်အရမ်းကြောက်နေစရာ မလိုဘူး။"

စုန့်ရှီးယွီက လှောင်ပြောင်စွာ ရယ်လိုက်သည်။

"ပြီးတော့ နင်ခဏခဏ တွေးမိတယ်မဟုတ်ဘူးလား။"

"... ဘာကိုလဲ"

"ငါ့ရဲ့ကိုယ်ရည်ကိုယ်​သွေးအစစ်ကို သူသိသွားရင် ငါ့ကိုမုန်းမလားလို့လေ။" ကျီဖန်ယင်းက ပြန်ပြောသည်။

"... ကျီဖန်ယင်း"  သူမကို ပြင်းထန်စွာ သတိပေးရင်း စုန့်ရှီးယွီ၏ ခန္ဓာကိုယ်သည် မတ်လာသည်။

"စိတ်ထဲထည့်နေစရာမလိုပါဘူး။ ငါပြောခဲ့သလိုပဲ၊ ငါသူ့ကိုပြောပြမဲ့ စိတ်ကူးမရှိဘူး။" ဟု ကျီဖန်ယင်းက ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ "နင့်ရဲ့စိတ်ကူးတွေကို ငါဖြည့်ဆည်းပေးနိုင်တယ်။ နင်သူ့​ရှေ့မှာ မလုပ်ရဲ​တဲ့အရာ​တွေကို ဒီမှာ လုပ်နိုင်တယ်လေ။ တကယ်လို့ နင်အဆင်မပြေဘူးဆိုရင်လည်း ငါတို့က ဒီမှာပဲအဆုံးသတ်လိုက်လို့ရတယ်။"

စုန့်ရှီးယွီလိုလူမျိုးကို မျက်နှာ နှစ်ခုရှိတဲ့လူဟု ခေါ်နိုင်သည်။ လူမှုဆက်ဆံအသိုင်းအဝိုင်းတွင် ယဉ်ကျေးသိမ်မွေ့ချင်ယောင်ဆောင်ထားတာကြောင့် သူအတွင်းမှာ ဘယ်လောက်ထိပုပ်​နေလဲ ဆိုတာ ဘယ်သူမှမသိခဲ့ကြပါဘူး။

သူ့ကိုယ်သူ နက်ရှိုင်းစွာ ဖုံးကွယ်ထားသူတစ်ယောက်နဲ့ မိတ်မဖွဲ့သင့်ပေမဲ့ သူနဲ့ထပ်တူ နက်ရှိုင်းတဲ့ အိတ်ကပ်ကြောင့် သူနဲ့ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို အနည်းဆုံးတော့ ထိန်းသိမ်းထားနိုင်လိမ့်မယ်လို့ ထင်တာပါပဲ။

စုန့်ရှီးယွီသည် ကျီဖန်ယင်း၏ စကားများကို ခဏတာ ငြိမ်သက်စွာ နားထောင်ကာ ခဏတာတွေးလိုက်ပြီးနောက် ရုတ်တရက် နှုတ်ခမ်းထောင့်များ ပင့်တက်လာကာ ​ပြုံးလိုက်သည်။  "ကျီဖန်ယင်း၊ မင်းက ဒီသဘောတူညီချက်ကို အရင်ပြောတဲ့သူနော်။ နောက်ကျမှ နောင်တမရစေနဲ့။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now