အခန်း၆

Start from the beginning
                                    

သူ့ရှေ့မှာ ရပ်နေတဲ့လူက ကျီရှင်းရှင်းမဟုတ်ဘဲ ကျီဖန်ယင်းဆိုတာကို သိနေပေမယ့်လည်း စုန့်ရှီယွီရဲ့ စိတ်သဘောထားသည် အနည်းငယ် ပျော့ပျောင်းနေဆဲပင်။ "ဘာလဲ။"

"ငါ့ကိုနာရီနဲ့လိုက်ပြီး ငွေရှင်းရမှာ။" ကျီဖန်ယင်းက ပြန်ပြောသည်။

သူမ၏ပုံမှန်အသံနှင့် အနည်းငယ် ပြောင်းလဲနေသောကြောင့် ကျီရှင်းရှင်းနှင့် ပို၍ပင်တူနေသည်။

ဒါကြောင့် စုန့်ရှီးယွီက ကျီဖန်ယင်းရဲ့ တုံ့ပြန်မှုကို ဒေါသမထွက်ခဲ့ပါဘူး။ သူသည် အနည်းငယ်အံ့သြသွားပြီး "မင်းမှာ ပိုက်ဆံမရှိလို့လား" လို့ သိချင်စိတ်နဲ့ အနည်းငယ်ပြုံးကာ မေးလိုက်သည်။

"နင်ထင်တာထက်ကို အများကြီးပိုမရှိဘူး။" ကျီဖန်ယင်းက ဝန်ခံဖို့မရှက်ပေ၊ သူမက ခေါင်းညိတ်ပြီး ပြန်ဖြေတယ်။ "သခင်​လေးစုန့်လို ချမ်းသာတဲ့လူတစ်ယောက်ဟာ ပိုက်ဆံမရှိဘူးဆိုတာ မဖြစ်သင့်ဘူးမဟုတ်လား"

"ငါ မင်းကို ပိုက်ဆံပေးလို့ရတယ်။" စုန့်ရှီယွီက သူ့စီးကရက်ကို ကားပြတင်းပေါက်မှာ ထားလိုက်ပြီး တန်ဖိုးကြီးသော ကားမှန်များကို ထိခိုက်မှာကို လုံးဝ မစိုးရိမ်ခဲ့ပါဘူး။ "ဒါပေမယ့် ငါတောင်းဆိုတာတွေအကုန် မင်းလုပ်ပေးမှာလား" လို့ ရန်စ​သောလေသံနဲ့ မေးလိုက်သည်။

"ငါ့ဝန်ဆောင်မှုအတွက် ပိုက်ဆံယူလို့၊ နင့်တောင်းဆိုချက်ကက ကျိုးကြောင်းဆီလျော်ရင် လုပ်ပေးမှာပါ" ဟု ကျီဖန်ယင်းက အမြန်ဖြေခဲ့သည်။

စုန့်ရှီယွီသည် ကျီဖန်ယင်းကို နှစ်အတော်ကြာ သိကျွမ်းခဲ့ပြီး ကျီရှင်းရှင်းသည်လည်း လက်ရှိ လေယာဉ်ပေါ်တွင် လိုက်ပါနေပြီ ဖြစ်သည်ကို သိရှိနေသော်လည်း သူ့ရှေ့ကလူသည် တကယ် ကျီဖန်ယင်း အစစ်ဟုတ်ရဲ့လားကို သိချင်နေသည်။

"မင်းခွေးလိုဟောင်တာကို ငါကြားချင်တယ်" လို့ စုန့်ရှီးယွီက တိုးတိုးလေးရယ်ပြီး ပြောလိုက်သည်။

'ခွေးလိုဟောင်' ဟူသော ရိုင်းစိုင်းသော စကားကို ပြောသည့်တိုင် သူ၏အသံသည် ပညာတတ်အမျိုးကောင်းသား လေသံပေါက်နေပြီး နူးညံ့ပြီး သာယာနေတာကြောင့် ကျိုးကြောင်းဆီလျော်သည့်ဟန်ပေါ်နေသည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now