အပိုင်း(၂၃)

Start from the beginning
                                    

မာန်ဟုမ် လန့်သွားပြီး ပုတီးပါ လွှတ်ချမိသွားသည်။ မှိတ်ထားသည့်မျက်လုံးတွေလည်း ချက်ချင်းဖွင့်လာရသည်။ တစ်ပြိုင်နက် ကျဉ်ခနဲဖြစ်သွားသည့် ခြေထောက်ကခံစားချက်ကို ခံစားလိုက်ရသည်။ တဖြေးဖြေးနဲ့မှ အခန်းတံခါးဖွင့်ကာ အိမ်ရှေ့ထွက်လိုက်သည်။
အခန်းတံခါးကို တဒုံးဒုံးလာထုမနေ၍ အရေးမကြီးမှန်း သူခန့်မှန်းရွေ့ရသည်။

မင်းကတော့ ကိုယ့်အာရုံငါးပါးကိုပျက်ယွင်းစေတာပဲ ကောင်လေးရယ်။

" ကောင်လေး ကိုယ် သီလယူထားတယ် "

မာန်ဟုမ်အခန်းထဲမှ ပုတီးကိုလက်မှာပက်ကာ ထွက်လာ၏။

" ဟွင်း ဆာဓု "

ပင်တိုင်က မျက်စောင်းထိုးကာ လက်အုပ်ချီပြီး ထိုင်းအသံထွက်ဖြင့် ဆောင့်ဆောင့် အောင့်အောင့်လေးပြောနေသည်။

" အာ ဒါနဲ့ သီလယူထားတော့ ညနေထမင်းစားလို့မရဘူးပေါ့ အဲ့လိုလား "

" အင်း "

" အဲ့ဆို ညနေစာဟင်းဒီနေ့ ကျွန်တော်ချက်မယ်"

ရွှန်းရွှန်းဆာဆာပါပဲ။ ပျော်မြူးပြီး အူတွေကိုဘယ်သူများ ကလိထိုးနေလဲအောက်မေ့ရတယ်။

" ရပါတယ်။ ပင်တိုင်ရယ် သားကြီးပင်ပန်းလိမ့်မယ် ငါ့တို့ဘာသာ သက်နိုင်ချက်တဲ့ ဘဲဥဟင်းလေးပဲဖြစ်ဖြစ် ကြုံရာလေးနဲ့ပဲဖြစ်ဖြစ် စားလိုက်ပါ့မယ် အပင်ပန်းမခံပါနဲ့ "

" အင်း ဟုတ်တယ်။ ကိုကြီးလျှမ်းပြောတာမှန်တယ် "

နှစ်ယောက်သား ပင်တိုင်၏ ‌ထူးထူးဆန်းဆန်းဟင်းတွေကိုစားရမည့်အရေး လှည့်ပတ်ကာရှောင်နေကြသည်။ တစ်ချိန်လုံးတိတ်နေတာကတော့ သက်နိုင်ဖြစ်၏။ သက်နိုင်ဘာလုပ်နေလို့ အသံမကြားရလဲ လှမ်းကြည့်တော့ ဒင်းကမတ်တတ်ရပ်နေပြီ။ ဒါနဲ့ လျှမ်းလှမ်းမေးလိုက်သည်။

" သက်နိုင် မိုးရွာကြီးထဲ ဘယ်ကြွမြန်းအုံးမလို့လဲ "

" ဘယ်မှမကြွပါဘူးဗျာ။ ဘဲဥသွားပြုတ်မလို့လေ ည..နေ..စာ အတွက် "

ဘဲဥပြုတ်မယ်ဆိုထဲက ပင်တိုင်က စူပုပ်ပုပ်ကြည့်နေတာဖြစ်၍ သက်နိုင်စကားထိန်းပြောလိုက်ရသည်။ နို့မို့ဆို အသံထက်အလင်းကပိုမြန်သည်ဆိုသည့် နိယာမထက် ဇွဲပင်တိုင်၏ဒေါသထက် ပေါက်ကရလုပ်ကာပြဿနာရှာခြင်းက ပိုမြန်သည်မလား။

မေတ္တာကြိုးနှင့်ချည်သော တိုင်(Complete)Where stories live. Discover now