အပိုင်း(၁၈)

Comenzar desde el principio
                                    

" အကိုတို့ ဘယ်အလုံးခူးမလဲ ရွေး‌ထား ကျွန်တော် ဟိုဘက်သွားအုံးမယ် "

သက်နိုင် ထမင်းစားဆောင်ဘက်သို့ ဓားမယူရန်ထွက်လာခဲ့သည်။ ဘာမှမပါဘဲ ပိန္နဲသီးခူးဖို့ပြင်နေသည့် ရန်ကုန်သားနှစ်ယောက်သည် ခါတိုင်းအသီးတွေလို လက်ကလေးနဲ့ခူး၍ ရမည်ထင်နေပုံပင်။

သက်နိုင် ထင်းခုတ်သည့် နေရာက ဓားမကို ကိုင်ကာ အသီးတောထဲကိုပြန်ဝင်လာခဲ့သည်။ သက်နိုင်ဝင်လာတော့ ရန်ကုန်သားနှစ်ယောက် ခုန်ဆွခုန်ဆွဖြစ်နေ၏။ သက်နိုင်ထင်သွားသည် ဒီအစ်ကိုနှစ်ယောက် မျောက်စိတ်များပေါက်သွားသလားပေါ့။ ထုံးစံအတိုင်း ပေါက်ကရမတွေးခင် ကန်တော့ပါရဲ့က အရင်ပြော၏။

" အကိုတို့ဘာဖြစ်နေတာလဲ "

" ဒီမှာလေ ပုရွက်ဆိတ်အကောင်အကြီးကြီးတွေ ကိုက်တယ်ဟ "

ဇွဲပင်တိုင်က ခုန်နေရင်းထိုသို့ပြောမှ သက်နိုင်အားတုံ့အားနာဖြစ်သွားရ၏။

" အာ ကျွန်တော်ပြောဖို့မေ့သွားတာ ပိန္နဲပင်တွေနားမှာ ခါချဉ်ပေါတယ်ဗျ။ ဟိုကောင်ဂွတိုက သတိမပေးဘူးလား "

" မပေးပါဘူး "

ဇွဲပင်တိုင်၏မျက်စောင်းသည် ဂွတိုအပေါ်သို့ရောက်လာ၏။ ဇွဲပင်တိုင်သာ နဂါးဆို ဂွတို ပြာဖြစ်၍ လေတောင်လွင့်သွားလို့ရသည်။

" ဟီး အသီးတွေစားချင်‌ဇောများပြီး သားလည်းမေ့သွားတာ "

တစ်စိတ်လောက် ဒီငမဲလုံးကို ရိုက်သတ်ရင် ထောင်မကျလောက်ဘူးမလား။

" ဒီမှာ သားယူလာတာ ထုံးဘူး။ လိမ်းလိုက်လေ "

ဘောင်းဘီအိတ်ထဲက အဖုံးအစိမ်းရောင်ရှိသည့် ထုံးဘူးကို ဇွဲပင်တိုင်ဘက်ကိုကမ်းပေး၏။ ဘာလုပ်ရမှန်းမသိသည့် ဇွဲပင်တိုင်သည် ထုံးဘူးကိုယူကာ ပြူးကျယ်ကျယ်ကြည့်နေသည်။

" ဒါကို ငါကဘာလုပ်ရမှာလဲ "

" အဲ့တာ ခါချဉ်ကိုက်သွားတဲ့အဖုတွေပေါ်အုပ်လိုက်ရင် အယားသက်သာသလို အပိန့်တွေမထတော့ဘူးလေ။ စိတ်ချပါ ကိုကြီးဇွဲ အသားအရေမပျက်စေရဘူး "

ခင်လာသည့် ကာလတစ်လျှောက်လုံးဂွတိုသိလာသည်က ဒီရန်ကုန်သားနှစ်ယောက်၏ ဖြူဥနေသည့် အသားအရေက သူတို့၏ အမျိုးပေါင်းသောင်းခြောက်ထောင်သော ပစ္စည်းတွေနှင့် သေချာဂရုစိုက်လို့ဖြစ်၏။ ထိုသူတို့က အသားအရေကိုတော့ အထူးဂရုစိုက်၏။ နောက်ပိုင်းတွေ ဂွတို၏ ကလေးဉာဏ်ဖြင့် ‌အမ(အမေ)၏ ကလင်းဘက်တွေ အာချီတွေယူလူးမိလို့ အရိုးကွဲအောင် အရိုက်ခံရပါသေး၏။

မေတ္တာကြိုးနှင့်ချည်သော တိုင်(Complete)Donde viven las historias. Descúbrelo ahora