အခန်း ၁၉။ မသက်ဆိုင်တော့တဲ့အခါ

Bắt đầu từ đầu
                                    

အစ်မကအကြည့်ကိုပြန်လွှဲလိုက်ကာ တစ်ချက်ပြုံးလေသည်။ စားပွဲခုံပေါ်ကလက်ချောင်းလှလှလေးတွေဟာ ငြိမ်မနေဘဲ လှုပ်ရှားလို့နေသည်။ အစ်မရဲ့အမူအကျင့်တွေကို အလွတ်မှတ်မိနေသောသူကတော့ အစ်မစိတ်လှုပ်ရှားနေသည်ဆိုတာကို အလိုလိုသိလို့နေသည်။

"ဒီလိုပဲ နေ့ရက်တိုင်း ငါအဆင်ပြေပါတယ်လို့ပြောခဲ့ရတယ် ကျင့်သားရသွားတာလားတော့မသိပေမဲ့လို့ အဆင်ပြေပါတယ်ဆိုတဲ့စကားက အလွယ်တကူထွက်လာနိုင်ခဲ့တယ်"

ပို၍ပိန်ပါးသွားသော မျက်နှာသေးသေးကိုကြည့်ကာ သူရင်နာလာသည်။ အစ်မအရမ်းကြိုးစားနေခဲ့တာဟာ ဘယ်သူ့အတွက်လဲဟုမေးလိုက်ချင်ပေမဲ့လို့ ကိုယ့်အတွက် မဟုတ်တာသေချာနေသည့်ကိစ္စတွေဟာ ရင်နာစရာမို့လို့ လည်ချောင်းထဲမှာပင်ပျောက်ကွယ်သွားတော့သည်။ တချို့စကားတွေဟာမပြောလိုက်ခြင်းကသာ ကိုယ့်အတွက်ပိုအဆင်ပြေနိုင်တာမျိုး၊ မျိုသိပ်ရတာဟာခံရခက်ပေမဲ့ ပြောမိတဲ့အခါ ပိုနာကျင်ရတယ်လေ။

"အရမ်းပင်ပန်းခဲ့မှာပဲ"

"အိုး အစ်မကလေးလေးက တကယ်ကိုကြီးပြင်းလာပြီပဲ အစ်မကိုတောင် နှစ်သိမ့်ပေးနိုင်ပြီဆိုတော့"

အမြဲတမ်းရှိခဲ့တာပါလို့ သူမပြောဖြစ်ခဲ့တော့။ တိတ်ဆိတ်စွာနေလိုက်ခြင်းဟာ သူ့အတွက်ပိုကောင်းသည်လေ။

"အစ်မတို့ လမ်းလျှောက်ကြမလား ကန်တော်ကြီးထဲကိုလေ"

"သွားတာပေါ့"

ကန်တော်ကြီးနှင့်သိပ်မဝေးသည့် သူတို့အိမ်ကနေဆိုရင် ခဏနေလေးနှင့်ရောက်သည်။ ကန်တော်ကြီးတစ်ပတ်ပတ်သည်ဟုဆိုရမလားမသိ သူတို့လမ်းစလျှောက်ဖြစ်ကြသည်။ အပင်တွေက နွေဦးဆိုတော့ခြောက်သွေ့ကာ အဝါရောင်သမ်းလို့နေသည်။ ရွက်ကြွေတွေဟာလည်း အမှိုက်သိမ်းမနိုင်တော့ဟုထင်ရလောက်အောင် လေဝှေ့တိုင်း တဖြုတ်ဖြုတ်ကြွေကျလျက်။

"ပန်းပွဲတော်ဆိုရင် အစ်မဒီကိုမကြာခဏရောက်ဖြစ်တယ် ကလေးတို့ကို ဒီမှာနေမှန်းအစ်မ မသိခဲ့ဘူး"

"ရေဦးကို အစ်မ မပြန်ဖြစ်လို့နဲ့တူပါတယ် ပူတူးလူတိုင်းကိုမှာခဲ့တယ် အစ်မလာရင် ပြောပေးဖို့ကိုပေါ့"

အစ်မ (သို့မဟုတ်) အဝါရောင်ပျော်ရွှင်မှုလေးNơi câu chuyện tồn tại. Hãy khám phá bây giờ