အပိုင်း ၁၀၆၆ : သင့်တင့်လျှောက်ပတ်သော ဧည့်သည်များ

209 24 0
                                    

စာစဥ် ၅၅ : အပိုင်း ၁၆

အပိုင်း ၁၀၆၆ : သင့်တင့်လျှောက်ပတ်သော ဧည့်သည်များ

ရှေးဟောင်း သက်ရှည်ကမ္ဘာ အတွင်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့ကြသူများ အဖို့ သူတို့သည် အထီးကျန်၍ ရှေးကျသော အော်ရာတစ်ခုကို ခံစားခဲ့ရသည်။ သူတို့အနေဖြင့် ဤကမ္ဘာသည် လွင်တီးခေါင်ကျ၍ ရှေးဆန်သည်ဟု ခံစားနေရ၏။

ဘေးပတ်ဝန်းကျင်အား ကြည့်လိုက်ရာ သူတို့သည် မြေရိုင်းများကိုသာ တွေ့လိုက်ရပြီး ဤကမ္ဘာကြီးသည် ယိုယွင်းစ ပြုနေပြီဟု သတိပြုမိလိုက်ကြသည်။

သို့သော်လည်း နက်ရှိုင်းစွာ အာရုံခံလိုက်လျှင် တစ်ယောက်သည် ဤကမ္ဘာကြီး အတွင်းမှ လွင်တီးခေါင် ဆန်မှုများ အကြားတွင် အဆုံးမဲ့ အသက်စွမ်းအင်များ ပါဝင်နေသည်ကို ခံစားရမည် ဖြစ်သည်။

ဤကမ္ဘာအတွင်းမှ စိတ်ဝိညာဥ် စွမ်းအင်များသည် ပျက်စီး ယိုယွင်းမှုများ အကြားမှ တိုးတက် စည်ပင်နေသည်။ သူ့အတွင်းတွင် လျှို့ဝှက်ဆန်းကြယ်၍ ထူးခြားသော သဘောတရားများ အချင်းချင်း ဆက်သွယ် ယှက်သန်း၍နေသည်။

"ရှေးဟောင်း သက်ရှည်ကမ္ဘာက နာမည်နဲ့ လိုက်ဖက်ပါပေတယ်" ဇူရီက ဤကမ္ဘာ အတွင်းသို့ ခြေချပြီးသည်နှင့် ဤနေရာ၏ မှော်ဆန်မှုများကို ပြောနိုင်ခဲ့သည်။ "အမှန်အတိုင်း ပြောရရင် အလယ်ကမ္ဘာတွေက မဟာကမ္ဘာထက် နိမ့်ကျတယ်… သူတို့က နတ်ဘုရားနယ်မြေ ဒါမှမဟုတ် မဟာလွင်တီးခေါင် ကုန်းမြေနဲ့စာရင် ပိုပြီးမှ ယိုယွင်းမှု မြန်ဆန်တယ်"

"အထူးသဖြင့် သူ့အတွင်းမှ ကျင့်ကြံသူ အများကြီး နေထိုင်ကြတဲ့ အချိန်မှာပဲ… အတွင်းမှာ အသက်စွမ်းအင်တွေ အများကြီး တိုးတက် စည်ပင်လာနေတဲ့ အချိန်မှာ အလယ်ကမ္ဘာ တစ်ခုဟာ သူ့ကိုယ်သူ လည်ပတ်နေပြီး ကိုယ်ပိုင် သက်တမ်းကို ပိုင်ဆိုင်ထားတယ်"

"သူက အသက်ရလာတာနဲ့ အမျှ အိုမင်းလာပြီး ယိုယွင်းလာမယ်… သူ့ရဲ့ အကန့်အသတ်ကို ရောက်ရင် ဒီအလယ်ကမ္ဘာရဲ့ စိတ်ဝိညာဥ် စွမ်းအင်တွေက ဖြည်းဖြည်းချင်းနဲ့ လွင့်ပြယ်သွားမယ်… သိပ်မကြာခင် သူက သာမန် မြေကွက်တစ်ကွက် ဖြစ်သွားလိမ့်မယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now