အပိုင်း ၁၀၅၇ : မရည်ရွယ်ပဲ အပေါက်တစ်ပေါက် တူးမိခြင်း

226 28 0
                                    

စာစဥ် ၅၅ : အပိုင်း ၇

အပိုင်း ၁၀၅၇ : မရည်ရွယ်ပဲ အပေါက်တစ်ပေါက် တူးမိခြင်း

ဇူဟုန်ဝူသည် လျှမ်ပန်းအား ကြည့်လိုက်သည်။ "ကျွန်တော့်ရဲ့ တာအို နှလုံးသားနဲ့ ရုပ်ကိုယ်ခန္ဓာ သိုင်းပညာ စိတ်ဆန္ဒတို့က ဗုဒ္ဓဝါဒကို အခြေခံ အနေနဲ့ ထားထားတာ မဟုတ်ဘူး… ကျွန်တော်က ကမ္မလမ်းစဥ်ကို ကျွန်တော့်ရဲ့ ကျင့်ကြံမှုနဲ့ သင့်တော်တဲ့ အတွက်ကြောင့်သာ အသုံးပြုနေတာ… ကမ္မလမ်းစဥ်ကို လှုပ်ခါနိုင်တာက ကျွန်တာ့်ကိုလည်း လှုပ်ခါနိုင်မယ်လို့ မဆိုလိုဘူး"

"ပါရမီဇန်… တနင်နဲ့ တခုံးတို့ရဲ့ ဇန်စိတ်တွေက ဒဏ်ရာ ရသွားကြတယ်… ဒါပေမဲ့ ဒါက ကျွန်တော်ရဲ့ တာအို နှလုံးသားက ဒဏ်ရာရသွားမယ်လို့ မဆိုလိုဘူး… အရှင်မင်းမြတ်… ကျေးဇူးပြုပြီးမှ ကျွန်တော့်ရဲ့ ဆန္ဒတွေကို ဖြည်းဆည်းပေးပါ"

လျှမ်ပန်းက ဤအချိန်တွင် စိုးရိမ် ပူပန်နေသည့်ပုံ ပေါက်လာသည်။ "ဟုန်ဝူ… မင်းက ဗုဒ္ဓဝါဒကနေ တည်ဆောက်ထားတာ မဟုတ်ဘူး… ငါက ဒါကို ကောင်းကောင်းကြီး သတိပြုမိပါတယ်… ဒါပေမဲ့ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက ကမ္မလမ်းစဥ်ကို အပုပ်ချနေတာ မဟုတ်ဘူး"

ဇူဟုန်ဝူက သူ၏ မျက်ခုံးများကို ပင့်လိုက်သည်။ "အိုး… ဒါဆိုရင် တခုန်း ဇန်မာစတာနဲ့ ကျန်တဲ့သူတွေရဲ့ ဇန်စိတ်တွေက ဘာဖြစ်လို့ ယိမ်းယိုင်သွားကြတာလဲ"

လျှမ်ပန်းက သူ့အား အချိန်အနည်းငယ် စိုက်ကြည့်လိုက်ပြီးမှ ပြောလိုက်သည်။ "အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက ကမ္မတရားဟာ အရာအားလုံး မဟုတ်ဘူး ဆိုတာကို သက်သေပြပြီး သွားပြီ"

ဇူဟုန်ဝူက ပြောလိုက်သည်။ "ဒါက ထူးခြားဆန်းသစ်တဲ့ အတွေးအခေါ်တစ်ခု မဟုတ်ပါဘူး"

လျှမ်ပန်းက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "အဓိက သော့ချက်က အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းဟာ သူတို့ရဲ့ အဆိုတွေကို သက်သေပြုနိုင်တဲ့ အပေါ်မှာ မူတည်နေတယ်"

ဇူဟုန်ဝူက သူ၏ လက်နှစ်ဘက်အား ဆုပ်ကာ ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ရှင်းပြပါ… အရှင်မင်းမြတ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now