အပိုင်း ၈၈၆ : ကမ္ဘာတစ်ဝန်းမှ ဂုဏ်ပြုကြခြင်း

278 37 0
                                    

စာစဥ် ၄၆ : အပိုင်း ၁၆

အပိုင်း ၈၈၆ : ကမ္ဘာတစ်ဝန်းမှ ဂုဏ်ပြုကြခြင်း

လင်းဖုန်းသည် စူတောင်ထံမှ ပြန်လာအပြီးတွင် မဟာကျိုး အင်ပါယာနှင့် မဟာချင် အင်ပါယာတို့၏ နယ်စပ်တွင် ရှီယု၊ လျှမ်ပန်းနှင့် ဇူဟုန်ဝူတို့သည် ထိုင်၍ အလေးအနက် စဥ်းစားနေကြသည်။

သူတို့၏ လက်အောက်ငယ်သားများကလည်း ငြိမ်သက်နေခဲ့ကာ သူတို့အား အနှောင့်အယှက် မဖြစ်စေရန် နောက်ဆုတ်သွားကြသည်။

အင်မော်တယ် နဂါးမြို့တော်၊ တိုင်ဧကရာဇ်၏ တော်ဝင်နန်းတော်နှင့် မဟာကောင်းကင်ဘီးတို့သည် လင်းလက်လာကြ၍ ဟင်းလင်းပြင် အတွင်းသို့ ဝင်သွားကြကာ သူတို့နှစ်ဘက်အကြားမှ တင်းမာနေသော အခြေအနေများကလည်း အဆုံးသတ်သွားကြသည်။

ဇူဟုန်ဝူသည် တော်ဝင်နန်းတော် အတွင်းသို့ ဝင်ရောက်လာခဲ့ကာ နဂါးပလ္လင်၏ အပေါ်တွင် ထိုင်နေသော လျှမ်ပန်း၏ အရှေ့သို့ ရောက်လာခဲ့၏။ ခေတ္တမျှ စဥ်းစားလိုက် အပြီးတွင် လျှမ်ပန်းသည် ဇူဟုန်ဝူအား ကြည့်လိုက်ကာ ပြောလိုက်သည်။ "ဟုန်ဝူ.. ငါတို့မှာ အချိန် သိပ်မရှိတော့ဘူး.. မင်းက အင်မော်တယ် ဝိညာဥ် တတိယ အဆင့်ကို အမြန်ဆုံးရောက်အောင် လုပ်မှရမယ်"

"မှန်လှပါ.. အရှင်မင်းမြတ်" ဇူဟုန်ဝူသည် ခေါင်းညိတ်ခဲ့လိုက်ကာ သူ၏ အမူအရာများသည် ပြောင်းလဲမှု မရှိခဲ့ပေ။ "ကျွန်တော်တို့ဟာ အရေးမသာတဲ့ အခြေအနေ တစ်ခုကို ရောက်နေခဲ့ပြီ.. အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင် ဖော်ပြခဲ့တဲ့ စွမ်းအားတွေက ကျွန်တော်တို့ မျှော်မှန်းချက်ထက် အများကြီး ပိုနေခဲ့တယ်.. မဟာကျိုး အင်ပါယာက အခုအချိန်မှာ အစီအစဥ် သေချာချပြီးမှ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ရတော့မယ်"

"ကျွန်တော့်ရဲ့ သားမိုက်ကတောင် ကြမ္မာပန်းတိုင် အဆင့်က မှော်ရတနာ တစ်ခုကို ကျင့်ကြံနိုင်ခဲ့တယ်.. ကျွန်တော်ကလည်း သူ့ကို အပြတ်ရှင်းနိုင်ဖို့ ယုံကြည်ချက်အပြည့် မရှိတော့ဘူး.. ကျွန်တော်က သူ့ကို အနိုင်ယူနိုင်သေးပေမဲ့ မဟာကောင်းကင်ဘီးကို အနစ်နာခံလို့ သူ့ရဲ့ ဟီဂန် ရွှေရောင်တံတားကို ဖျက်ဆီးပြီး သူ့ကို မလွတ်နိုင်အောင် ချုပ်နှောင်ထားနိုင်မှသာ သူ့ကို သတ်ဖြတ်ဖို့ အခွင့်အရေး ရှိနိုင်လိမ့်မယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now