အပိုင်း ၆၇၅ : နောက်ကျသွားပြီလား

311 35 0
                                    

စာစဥ် ၃၆ : အပိုင်း ၅

အပိုင်း ၆၇၅ : နောက်ကျသွားပြီလား

လျှိုဟန်သည် သူ၏ ကိုယ်ပိုင် စိတ်ဝိညာဥ်အား အတတ်နိုင်ဆုံး ကာကွယ်နေခဲ့သော်လည်း သူ၏ မျက်နှာသည် အလွန်အမင်း ဖြူဖွေးနေခဲ့သည်။ သူ၏ နဖူးမှနေ၍ ချွေးသီးချွေးပေါက်များ ကျလာခဲ့၏။

"မင်းလိုမျိုး အမှိုက်ကောင်က ငါ့ကို ရန်လာမစနဲ့လို့ အစကတည်းက ပြောပြီးသားပဲ" ယန်လီခွန်း၏ ပါးဖောင်းဖောင်းများသည် လှုပ်သွားခဲ့၍ သူ၏ မျက်လုံးများမှ ရက်စက်သော အကြည့်များ တောက်ပလာခဲ့၏။ သူက ရယ်လိုက်သည်။ "စိတ်မပူပါနဲ့။ ငါက အနီရောင် ကြာပန်းမီးတောက်ကို အသုံးပြုပြီးမှ မင်းရဲ့ စိတ်ဝိညာဥ်ကို မဝါးမျိုပါဘူး။ ဒီလိုလုပ်လိုက်ရင် ဒီစေတီရဲ့ အကာအကွယ် စနစ်က အသက်ဝင်လာလိမ့်မယ်။ ဒီလိုမျိုးဆိုရင် ငါကမင်းနဲ့ ဖြည်းဖြည်းချင်း ကစားလို့ရတယ်"

မဟာကောင်းကင် ခန်းမဆောင်အတွင်းတွင် ငရဲကမ္ဘာ သူတော်စင်သည် ဒေါသတကြီးဖြင့် စန်းချီဖန်းအား ကြည့်လိုက်သည်။ "စန်းချီဖန်း၊ မင်းတပည့်က နည်းနည်းတော့ များသွားပြီ"

ယန်လီခွန်းသည် လျှိုဟန်အား နှိပ်စက်ညှဥ်းပန်းနေသည်မှာ အသိသာကြီး ဖြစ်၏။ သူ့အား သေသည်ထက်ဆိုးသော ဝေဒနာကို ခံစားစေနေခြင်း ဖြစ်သည်။

စန်းချီဖန်းက ပြုံးလိုက်၏။ "အကြီးအကဲလျှို၊ ဒေါသမကြီးပါနဲ့။ ဒါက ယှဥ်ပြိုင်ပွဲ သက်သက်ပါပဲ။ ကြံစည်တာ၊ ချောင်းမြောင်းတိုက်ခိုက်တာ၊ နောက်ကနေ ဓားနဲ့ထိုးတာတွေ မပါပါဘူး။ သူတို့က တစ်ယောက်နဲ့တစ်ယောက် အတွေ့အကြုံ ဖလှယ်နေကြတာ ဖြစ်တယ်"

"အခုအချိန်မှာ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း အတွင်းမှာ ရှိနေတာဖြစ်လို့ အကာအကွယ် စနစ်ကလည်း ရှိနေတယ်။ ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး။ အပြင်မှာဆိုရင် မိစ္ဆာတွေနဲ့ တွေ့ပြီး အသတ်ခံရတာက သိပ်မဆန်းပါဘူး။ ဒါက လေ့ကျင့်မှု သက်သက်ပါပဲ"

လျှိုကျိခွန်း၏ မျက်နှာသည် မည်းမှောင်သွားခဲ့၏။ "လေ့ကျင့်နေတယ်၊ ဟုတ်လား။ အနီရောင် ကြာပန်းမီးတောက်က ကျင့်ကြံသူ တစ်ယောက်ရဲ့ စိတ်ဝိညာဥ်နဲ့ အခြေခံကို ဖျက်ဆီးပစ်တယ်။ လျှိုဟန်က အနှိပ်စက် ခံနေရတာကို ထည့်မတွက်နဲ့ဦး။ ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် သူ့ရဲ့ ရွှေရောင်ဗဟိုချက်ဟာ ပြင်လို့မရအောင် ပျက်စီးသွားလိမ့်မယ်။ သူက အသက်မသေပေမဲ့ အသုံးမကျတဲ့သူ ဖြစ်သွားလိမ့်မယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now